Jennie Center ထဲကို ဝင်လာတော့ LiLi ကို မတွေ့တာနဲ့ ဆရာမကို မေးကြည့်မိသည် ။ အနောက်ဘက်က ပန်းခြံထဲမှာဟု
ဆိုသောကြောင့် Jennie ပန်းခြံထဲကိုသာ လိုက်လာခဲ့လိုက်သည် ။
တွေ့ပါပြီ သူ့ရဲ့ LiLi လေး ။
ခုံတန်းလေးပေါ် ထိုင်ကာ ကောင်းကင်ကြီးကို မော့ကြည့်ပြီး ပြုံးနေလေရဲ့ ။ တကယ်ပါ ။LiLi အပြုံးတွေက နေမင်းကြီးနဲ့အပြိုင်ကို တောက်ပလွန်းသည် ။ အေးချမ်းလွန်းသည် ။ LiLi ပြုံးနေတာလေးကို မြင်ရရင် Jennie ရင်ထဲ တကယ်ကို ပျော်ရွှင်ရသည်လေ ။" LiLi "
Jennie ခေါ်လိုက်တော့ Lisa က တစ်ချက်ပဲ လှည့်ကြည့်ပြီး ဟိုဘက်ကို မျက်နှာလှည့်သွားသည် ။ Jennie တစ်ချက်ကြောင်သွားပြီးမှ သည်ကလေးလေး
စိတ်ကောက်နေတာနေမှာဟုပင်
တွေးလိုက်ပြီး အနားမှာ သွားရပ်လိုက်သည် ။" LiLi လေးရေ ... မမ လာပြီ ။ ဟို... မနေ့ညက LiLi ဖုန်းကို မကိုင်လို့ စိတ်ကောက်နေတာလားဟုတ်လား ။ စိတ်မဆိုးပါနဲ့နော် LiLi ။ မမတို့ မိသားစု ညစာစားနေရင်
စကားကောင်းနေတာနဲ့ ဖုန်းကိုမကြည့်မိလိုက်တာပါ ။ ပြီးတော့ ပြန်ခေါ်မယ်လုပ်တော့လည်း LiLi အိပ်ပျော်နေတာ ဖြစ်မှာစိုးလို့... နော် LiLi.. စိတ်မကောက်ပါနဲ့နော် "Jennie က မျက်နှာငယ်လေးလုပ်ကာ LiLi ရှေ့နားမှာ ခြေဖျားလေးထောက်ပြီး ငုတ်တုပ်လေးထိုင်ကာ LiLi ဒူးလေးကို
ကိုင်ထားသည် ။
Lisa တစ်ချက်တွန့်သွားပြီးမှ" မရဘူး.... စိတ်ကောက်တယ်... မမ သွား... ဟိုပန်းပင်နားသွားရပ်နေ ...သေချာလက်ပိုက်ပြီးရပ်နေ... LiLi ကို လာမထိနဲ့"
" ဟင်... LiLi ကလည်း... စိတ် ..."
" မမ... သွားရပ်နေပါဆို "
" အင်း.. အင်းပါ... "
Jennie ခေါင်းလေးကုတ်ကာ LiLi ပြတဲ့ ပန်းပင်နားသွားရပ်နေပြီး လက်ကလေးပိုက်ထားလိုက်သည် ။ သူ့ကလေးစကားကိုတော့ မလွန်ဆန်နိုင်ဘူးလေ ။
ခြေလှမ်း ငါးလှမ်းလောက်အကွာကနေ လက်ကလေးပိုက်ပြီး သနားစရာရပ်ကြည့်နေတဲ့ Jennie အနားကို Lisa မတ်တတ်ရပ်ကာ လျှောက်သွားလိုက်သည် ။Jennie မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် လက်ပိုက်ထားတာကို ဖြုတ်လိုက်ကာ
ပါးစပ်ကလေးကို လက်နှစ်ဖက်နဲ့ အုပ်ထားမိပြီး အံ့သြတကြီး ဖြစ်နေရသည် ။

YOU ARE READING
ACCIDENTALLY
Fanfictionအချစ်တစ်ခုဖြစ်ပေါ်ဖို့ အကြောင်းအရာအများကြီး မလိုအပ်ဘူးဆိုတာ မတော်တဆ ချစ်မိသွားတဲ့အခါမှပဲ လက်ခံတော့တယ်