Jisoo တော်တော်လေးကြာအောင် ငိုနေပြီးမှ မှောင်လာပြီမို့ ပြန်ဖို့အတွက် အားယူကာ မတ်တတ်ထရပ်လိုက်ပြီး တုန်တုန်ယင်ယင်နဲ့ပင် Chaeyoung ရဲ့ ကားအနီလေးပေါ် တက်လိုက်သည် ။
☁️ အိမ်ပြန်ရမယ်... ဟုတ်တယ်... ယောင်းက အိမ်မှာ ထပ်တွေ့မယ်ပြောသွားတာ... ယောင်း ကျေနပ်တဲ့အထိ တောင်းပန်ရမယ်... ရှင်းပြရမယ်... ယောင်း အမုန်းတွေကို ခံယူရအုန်းမယ်... ဟုတ်တယ်.. အိမ်ပြန်ရမယ် ...☁️
စတီယာဒိုင် ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ကာ အိမ်ပြန်ရမယ်လို့ ပါးစပ်က
တဖွဖွ ရွတ်နေပေမယ့် လက်တွေက တုန်ယင်နေခဲ့သည် ။ အရင်က ကားတိုက်မိဖူးတဲ့ အဖြစ်အပျက်တွေက ခေါင်းထဲမှာ တရိပ်ရိပ်ပေါ်လာပေမယ့် မျက်လုံးကို မှိတ်ကာ လက်ကိုကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ပေါ်လာတဲ့အတွေးတွေကို ရှင်းထုတ်နေရသည် ။ နောက်ဆုံး စိတ်ကိုတင်းကာ အသက်ဝဝရှူပြီး အရဲတင်းကာ ကားစက်ကို နှိုးလိုက်ပြီး မောင်းထွက်လာခဲ့လိုက်သည် ။တရိပ်ရိပ်ဖြတ်ပြေးနေတဲ့ လမ်းမထက်က အရိပ်တွေက သူ့နောက်ကို လိုက်နေသလို... ကြောက်အားလန့်အားနဲ့ ကားကိုအရှိန်တင်မိတော့ မျက်လုံးထဲမြင်ယောင်လာတာက သွေးအိုင်ထဲက LiLi ရဲ့ ပုံရိပ် ...
အရင်က ဖြစ်ခဲ့တာ အခုကောင်းသွားပြီလို့အတင်းတွေးလိုက်ပြီး ခေါင်းကို ခါယမ်းကာ မြင်ကွင်းကို
ရှင်းထုတ်လိုက်ပေမယ့် နားထဲမှာ
ကြားလာတာက ယောင်းရဲ့ လူသတ်သမား ဆိုတဲ့ အသံ..." အား...... မဟုတ်ဘူး.... မဟုတ်ပါဘူးးး ယောင်းရယ်... တကယ် မတော်တဆ ပါ.... တကယ်မ... မရည်ရွယ်ပါဘူး... မတော်တဆပါ.... လူမသတ်ပါဘူး.....မဟုတ်ဘူး... "
ဆုပ်ကိုင်ထားတဲ့ လက်တွေက စတီယာဒိုင်ကို သတိလက်လွတ် အဆက်မပြတ် ထုမိတော့ ကားက ယိမ်းထိုးနေလေရဲ့ ။
မျက်ရည်တွေ အဆက်မပြတ်ကျပြီး မျက်လုံးကို မှိတ်ထားမိတာ ကားမောင်းနေတယ်ဆိုတာတောင် သတိမထားမိ ။
ဒီအချိန်မှာပဲ ပိုက်ဆံအိတ်ထဲက ထ မြည်တဲ့ ဖုန်းသံကြောင့် Jisoo အသိစိတ်ဝင်လာပြီးမှ ကားကို ထိုးရပ်လိုက်သည် ။☁️ Oh.. God... တော်ပါသေးရဲ့ ... သူ အသိစိတ်လွတ်သွားရင်းက အရင်ကလို လူထပ်မတိုက်မိတော့လို့... ☁️
ESTÁS LEYENDO
ACCIDENTALLY
Fanficအချစ်တစ်ခုဖြစ်ပေါ်ဖို့ အကြောင်းအရာအများကြီး မလိုအပ်ဘူးဆိုတာ မတော်တဆ ချစ်မိသွားတဲ့အခါမှပဲ လက်ခံတော့တယ်