N

3.5K 526 9
                                    

၇ |

အခန်းထဲကိုရောက်တော့ laptopအိတ်ကိုဖွင့်နေတဲ့ ရိပေါ်ကိုမြင်လိုက်ရတယ်။ suitကိုပင်မလဲဖယ်ပဲ အလုပ်လုပ်တော့မယ့်ဟန်ကိုမြင်ရတော့ ရှောင်းကျန့်နည်းနည်းလေး အံ့အားသင့်သွားရတယ်။

တကယ်ကို အလုပ်လုပ်တော့မယ့်ပုံပါ.. အပေါ်ကုဒ်ကိုချွတ်ပြီး အောက်က ရှပ်အင်္ကျီလက်ကို တံတောင်ဆစ်ထိ ခေါက်တင်နေပြီ။

ရှန်ဟိုင်းကို မိန်းကလေးရှင်မိဘတွေနဲ့ လာတွေ့တယ်လို့ ပြောထားသူက အလုပ်တွေကိုပါ တပါတည်းသယ်လာသတဲ့လား။ တကယ်ကိုပင်.. ရိပေါ်ဟာ တစ်ချိန်က လွန်ခဲ့တဲ့လေးနှစ်က ရှောင်းကျန့်သိထားခဲ့ဖူးတဲ့ တက္ကသိုလ်ကျောင်းသားလေးနဲ့ မတူတော့ချေ။

အရင်ကဆို ဝါသနာပါရာ စကိတ်နဲ့ ဂိမ်းကိုပဲ အာရုံစိုက်တတ်ပြီး လူငယ်ဆန်တဲ့သူက အခုငါးရက်တာအချိန်မှာ လူငယ်ဆန်တဲ့အပြုအမူ ဘာတစ်ခုမှကို မတွေ့ရှိရပါ။ ကီးဘုတ်ပေါ်မှာ လှုပ်ရှားနေပြီဖြစ်တဲ့ လက်ချောင်းတွေကို လှမ်းကြည့်လိုက်ပြီးတာနဲ့ ရှောင်းကျန့်ကိုယ့်အခန်းဆီကိုသာ သွားလိုက်တယ်။

တစ်နေရာတည်းမှာ နှစ်ယောက်အတူတူရှိနေဖို့က သူတို့အတွက် မသင့်တော်နေချေ။ အိမ်တစ်အိမ်တည်းမှာ ရှိနေတာကထားလိုက်တော့.. အိမ်မဟုတ်ပဲ ဧည့်ခန်းတို့ မီးဖိုချောင်တို့မှာ နှစ်ယောက်အတူတူရှိနေခြင်းက တစ်နည်းအားဖြင့် ရှောင်းကျန့်စိတ်ကို စမ်းသပ်နေတယ်လို့လည်း ဆိုလိုလို့ရတယ်။

ရှောင်းကျန့်က အစမ်းသပ်ခံနိုင်တဲ့အထိ ရိပေါ်နဲ့ပတ်သက်ရင် မရင့်ကျက်ဘူး.. ခပ်ကြာကြာအတူရှိနေရင် ဘာတွေပြောပြီး ဘာတွေလုပ်မိလိမ့်မယ်ဆိုတာကိုလည်း ကိုယ့်ကိုကိုယ် အာမမခံနိုင်ဘူး။ အဲ့ဒါကြောင့် တစ်နေရာတည်းမှာ အတူတူရှိမနေဖို့က တကယ်ကိုအရေးကြီးလှတယ်။

9နာရီလောက်ကျတော့ ညစာအတွက် ပြင်ဆင်ရအောင် ရှောင်းကျန့်ပြန်ထွက်လာလိုက်တယ်။ ဧည့်ခန်းထဲမှာတော့ ရိပေါ်ကိုမတွေ့ရတော့ပေ။

ရိုးရိုးစားစရာလေးတွေကိုသာ ပြင်ဆင်လိုက်ပြီး အခန်းထဲကိုယူသွားမယ့်အချိန်မှာပဲ မီးဖိုခန်းထဲကို ဝင်လာတဲ့ရိပေါ်နဲ့ မျက်နှာချင်းဆိုင် ဆုံမိတော့တယ်။

Old Days : I Missed You [COMPLETED]Where stories live. Discover now