I

3.4K 429 10
                                    

၅ |

နည်းလမ်းလို့စဉ်းစားလိုက်တော့ အဲ့ဒီ့နည်းလမ်းကိုရှာဖို့က ထင်သလောက်ခက်ခဲနေတာမျိုးလည်း မဟုတ်ပါဘူး။ လမ်းဖောက်ချင်ရင် လမ်းတစ်ခုက ပေါ်ကိုပေါ်လာပါတယ်။ အဲ့အချိန်မှာ ရိပေါ်စိတ်ထဲကိုရောက်လာခဲ့တာ ရှန်ဟိုင်းက သူတို့နှစ်ယောက်ကိုချစ်လွန်းတဲ့ စုံတွဲကိုပါပဲ။

အတွင်းရေးမှူးနဲ့အပ်ထားပေမယ့်လည်း သူကိုယ်တိုင်မဖြစ်မနေလုပ်ရမယ့်အလုပ်တွေကို တပါတည်းယူလာခဲ့ပြီး ရှန်ဟိုင်းကိုချက်ချင်းသွားခဲ့တော့တယ်။ လေးနှစ်ကျော်တောင် ကျန့်ကောနဲ့သူဝေးပြီးပြီ။ ဒီ့ထက်ထပ်ဝေးရရင် လွမ်းတဲ့ဒဏ်နဲ့ သူသေသွားဖို့ပဲရှိပါ‌တော့တယ်။

ကံကထင်ထားတာထက် ပိုပြီးကောင်းလွန်းတယ်။ အားရီတို့နဲ့တွေ့တော့ အားရီတို့နှစ်ယောက်ချစ်သူစဖြစ်ခဲ့ကြတဲ့ လန်ဒန်ကိုသွားပြီး အခြေချချင်လို့ ဆိုင်ကိုအရောင်းတင်ချင်တယ်လို့ပြောလာတယ်။ သူလာခဲ့တဲ့ ရည်ရွယ်ချက်ကိုက အားရီတို့ဆိုင်ပြင်ချင်ရင် ကျန့်ကောကသူ့ဆက်သွယ်နိုင်ပါတယ်လို့ ပြောထားဖူးတာကြောင့်ဆိုတော့ ရိပေါ်ကနှစ်ခါတောင်ပြန်တွေးမနေတော့ပဲ ဆိုင်ကိုဝယ်ယူဖို့ဆုံးဖြတ်လိုက်တော့တယ်။

အရင်ကကျန့်ကောကပြောဖူးတယ်။ ပေါင်မုန့်ဆိုင်လေးဖွင့်ချင်တယ်ဆိုတာ..။ ရိပေါ်က ကောနဲ့ပတ်သက်ရင် နှုတ်ထွက်စကားသေးသေးလေးကအစ အကုန်ဖြည့်ဆည်းပေးချင်တာပါပဲ။ လက်ရှိမှာကော်ဖီဆိုင်ဖြစ်နေပေမယ့် သူ့ခြေသူ့လက်နဲ့ ကျန့်ကောအကုန် ပြင်ဆင်ပြီးတဲ့အချိန်ကျရင် ဒါကကျန့်ကောအတွက်လက်ဆောင်လို့ပြောပြီး ဆိုင်ကmenuတွေကို ပြောင်းခိုင်းလိုက်ရုံပါပဲ။

ထောင့်စေ့အကွက်စေ့အောင် လိုက်လံစဉ်းစားရင်း တစ်ယောက်တည်းအပျော်ကြီးပျော်နေတော့တယ်။ ဘာလို့ဆို သိပ်မကြာခင်ရက်အတွင်း ကျန့်ကောကိုတွေ့ရတော့မှာပဲဖြစ်တယ်။

ကျန့်ကောကကတိတည်တယ်။ အားရီတို့ဆီက အကူအညီတောင်းတာကိုရတော့ ဘယ်လောက်မှရက်မကြာဘူး။ ရှန်ဟိုင်းကိုရောက်လာခဲ့တယ်။ ရိပေါ်မှာထားတဲ့အတိုင်းပဲ အားရီတို့ကသရုပ်ဆောင်ပေးခဲ့တယ်။ ရိပေါ်ပေးထားတဲ့ cardကို ကျန့်ကောယူလိုက်တာမြင်ပေမယ့်လည်း မသုံးလောက်ဘူးဆိုတာကို သူ့စိတ်ကသေချာသိနေပြန်တယ်။

Old Days : I Missed You [COMPLETED]Where stories live. Discover now