A

3.3K 436 17
                                    

၁ |

‘ အဲ့တော့ ဒီဆိုင်က မင်းကကောကိုပေးတဲ့ လက်ဆောင်ပေါ့ ’

‘ ငါတို့ပြန်တွဲတဲ့အထိမ်းအမှတ်အနေနဲ့ ပေးတဲ့လက်ဆောင်လို့ ပြောလည်းရတယ် ’

ငါဘာမှမှားတာမလုပ်ထားဘူးဆိုတဲ့ မျက်နှာပေးလေးနဲ့ ပြောလာတဲ့ရိပေါ်ကို သူအသည်းယားစွာသာ ကြည့်မိတော့တယ်။ ရိပေါ်ကအမြဲတမ်း အဲ့လိုစိတ်နဲ့ကလေးပါပဲ။ ရှောင်းကျန့်ကို ဘယ်လိုဂရုစိုက်ပြီး ချစ်ပေးရမလဲ သေချာသိတဲ့ကလေးပေါ့။ ပြီးတော့ ရှောင်းကျန့်ဘက်က ဘယ်လောက်ပဲချစ်ပေးချစ်ပေး ရိပေါ်ရဲ့အချစ်ကို မမှီဘူးလို့ကို အမြဲလိုလိုခံစားနေရတယ်။

‘ ဘာလို့လဲ ကော၊ မင်းကငါပေးတာ မလိုချင်ဘူးလား ’

‘ မင်းနဲ့ငါကို သုံးရတာ အတော်လေးအကြိုက်တွေ့နေတယ် ဟုတ်လား ’

နားအဖျားကိုဆွဲပြီး စနောက်သလိုလေးပြောလိုက်တော့ ရိပေါ်က ဖြူစင်စွာ သွားဖြူဖြူလေးတွေပေါ်သည်အထိ ရယ်ပြလာတယ်။ လူငယ်ဆန်ဆန်နဲ့ သိပ်ကိုချစ်စရာပါပဲ။ ရှောင်းကျန့်နဲ့စချစ်တုန်းက အထက်‌တန်းကျောင်းသား‌လေးရိပေါ်အတိုင်းပဲ။

‘ ကောလို့ခေါ်ပြီး ရွယ်တူလိုပြောရတာကို တကယ်ကိုကြိုက်နေတယ်၊ မင်းကိုစိတ်ဆိုးတဲ့အချိန်မှမဟုတ်ပဲ အမြဲတမ်းပြောဖြစ်တော့မယ်ထင်တယ် ’

ပြောမနိုင်တဲ့သဘောနဲ့ ခေါင်းကိုသာခါယမ်းမိတော့တယ်။ ရှောင်းကျန့်မြင်ယောင်ပါသေးတယ်။ သူတို့နှစ်ယောက်က အခု တရားဝင်ပြန်တွဲတဲ့အနေအထားကို ရောက်သွားပြီဆိုတော့ ရိပေါ်ဘက်ကနေ အရင်လိုကလေးဆိုးဆိုးပြီး အချစ်ကြီးတော့မယ်ဆိုတာကို။

‘ ကောကမင်းပေးတာမှန်သမျှ လိုချင်ပြီးသားပါ၊ ပြီးတော့ ကောဆီမင်းပြန်လာပေးတာကို ကောတကယ်ကို ‌ပျော်ရတယ် ’

ရှောင်းကျန့်က လုံလောက်တဲ့သတ္တိမျိုးမရှိဘူး။ ရိပေါ်ကို ရိပေါ်ရဲ့မိဘတွေဆီကဖိအားတွေကြောင့် လမ်းခွဲခဲ့ပြီးတဲ့နောက်မှာ နောက်ထပ်တစ်ကြိမ် ရိပေါ်ရှေ့ပြန်သွားပြီး မျက်နှာချင်းမဆိုင်ရဲဘူး။

ဒီကလေးသာ ရှောင်းကျန့်ရှေ့ ပြန်ပေါ်မလာသေးရင် သေချာပါတယ်။ သူတို့တွေက နှစ်ပေါင်းများစွာ ထပ်ဝေးနေရဦးမှာ။ အခုတောင်တွေးကြည့်ရင် ဝေးကွာခဲ့ရတဲ့အချိန်တွေက တကယ်ကို နှမြောတသဖြစ်စရာပါပဲ။

Old Days : I Missed You [COMPLETED]Where stories live. Discover now