's

3.5K 498 25
                                    

၁၃ |

ရှောင်းကျန့်က ကိုယ်ခံအားနည်းလွန်းတယ်။ အရင်ကဆိုရင် ရိပေါ်က ရှောင်းကျန့်ကို အိုက်တယ်ဆိုပြီးအရမ်းအအေးမခံနဲ့၊ ညဘက်ဆိုလည်းစောစောအိပ်၊ အလုပ်တွေအရမ်းမလုပ်နဲ့ဆိုပြီး လူကြီးတစ်ယောက်လိုမျိုးကို ဆူပူဂရုစိုက်တတ်တယ်။

တကယ်ဆိုရင် ညကလည်း ရိပေါ်က ဂရုတစိုက်နဲ့ပြောသွားခဲ့တာပါပဲ။ အိပ်တော့ဆိုတဲ့စကားတစ်ခွန်းကိုလေ။ ရှောင်းကျန့်ဘက်ကမှ နားမထောင်နိုင်၊ မအိပ်နိုင်ဖြစ်သွားရတာ။

မနက်မိုးလင်းခါနီးမှ မှေးခနဲအိပ်ပျော်သွားပေမယ့် နေ့လည်ဘက်ထိမအိပ်ပျော်ပဲ 7နာရီလောက်မှာပြန်နိုးလာတော့ ရှောင်းကျန့်ခေါင်းကမူးရိပ်ရိပ်နဲ့။ နဂိုက ကိုယ်ခံအားကနည်းလွန်းတာဆိုတော့ သွားစရာရှိတဲ့အလုပ်ကိုသွားဖို့ရာတောင် အားမထုတ်နိုင်ပဲဖြစ်နေတယ်။

အလုပ်မသွားတော့ဘူးလို့ဆုံးဖြတ်လိုက်ပြီး အလုပ်အတူလုပ်နေရာ ပြင်ဆင်ရေးအဖွဲ့ကခေါင်းဆောင်ဆီ ဒီနေ့အတွက် လုပ်စရာရှိတဲ့အလုပ်တွေကို စာရင်းပြုစုပြီး mailကနေတဆင့်ပို့ပေးလိုက်တယ်။

ကိုယ်တိုင်လုပ်ဖို့အားခဲထားတဲ့အလုပ်ကို တစ်ရက်လောက်ပျက်လိုက်ရတာတောင် စိတ်ကအဆင်မပြေ။ တကယ်ဆို ကိုယ်တိုင်ပဲသွားလုပ်လိုက်ချင်တာပါ။

ဘေးမှာတစ်ယောက်မှမရှိပဲ နေလာခဲ့တဲ့နှစ်တွေထဲ နေမကောင်းဖြစ်ရင် အားမငယ်ဖူးခဲ့ပေမယ့် အခုကျ အနီးစပ်ဆုံးရပ်ဝန်းမှာ တစ်စုံတစ်ယောက်ရှိနေတယ်ဆိုတဲ့အတွေးနဲ့တင် ရှောင်းကျန့်ရဲ့မှီခိုချင်တဲ့စိတ်တွေက ငုပ်လျှိုးရာမှထွက်ပေါ်လာတတ်တယ်။

တွဲနေစဉ်တစ်လျှောက် လွန်ခဲ့တဲ့နှစ်များကဆို ရှောင်းကျန့်နေမကောင်းဖြစ်ရင် သူကအရမ်းကပြာကယာနဲ့ စိုးရိမ်စိတ်ကြီးလွန်းလှတယ်။ လွမ်းတာလားလို့မေးရင်.. ဟုတ်ပါတယ် အဲ့ဒီအချိန်တွေကို သူအရမ်းလွမ်းလှတယ်။

ခြုံထားတဲ့စောင်ကို တင်းကြပ်စွာကိုင်ပြီး ခေါင်းအပေါ်ကိုအုပ်မိုးလိုက်စဉ်မှာပဲ တံခါးခေါက်သံကျယ်ကျယ်က ရှောင်းကျန့်ကိုယ်ကို ဆတ်ခနဲတုန်ယင်သွားစေတယ်။ သိပ်ပြီးများများစားစားတွေးစရာမလိုပေ။ ဒီအိမ်မှာအတူနေတာဆိုလို့ ရှောင်းကျန့်နဲ့သူ နှစ်ယောက်သာ ရှိသည်မဟုတ်ပါလား။

Old Days : I Missed You [COMPLETED]Where stories live. Discover now