G

3.5K 501 20
                                    

၁၀ |

အတိတ်ကအိုဟောင်းတဲ့နေ့ရက်တွေကို ပြန်လည်သတိရလွမ်းဆွတ်ရမယ်ဆိုရင် သူနဲ့ရှောင်းကျန့် ချစ်သူစဖြစ်တဲ့နေ့ကလည်း မပါမဖြစ်,ဖြစ်လေတယ်။

လွမ်းဆွတ်အတမ်းတရဆုံးက သူ့ကိုစချစ်မိတဲ့နေ့ဖြစ်ပြီး ပြန်အရောက်ချင်ဆုံးကတော့ သူနဲ့ချစ်သူစဖြစ်တဲ့နေ့ပဲဖြစ်တယ်။

သူဆိုတဲ့ရိပေါ်က ရှောင်းကျန့်အတွက် တစ်သက်တာလုံးဖက်တွယ်သွားချင်သူဖြစ်ပြီး သံသရာတစ်လျှောက်လုံး ဆုပ်ကိုင်သွားချင်တဲ့ လက်တစ်စုံရဲ့ပိုင်ရှင်လည်းဖြစ်တယ်။

မမြင်ရတဲ့ကံကြမ္မာက သူတို့ရဲ့အချစ်ရေးခရီးလမ်းမှာ စောင့်ကြိုနေခဲ့တယ်လို့ဆိုရမှာထက် ရှောင်းကျန့်ကိုယ်တိုင်က လုံလောက်တဲ့သတ္တိမရှိလို့ တဖက်သူရဲ့လက်ကို ဖြုတ်ချခဲ့မိတာ..။

ရှောင်းကျန့်လက်ကိုမှ ယုယုယယနဲ့ဆုပ်ထွေးထားတဲ့ သူရဲ့လက်ကို ရှောင်းကျန့်က သူစိမ်းဆန်ဆန်မျက်ကွယ်ပြုခဲ့တာ..။

မုန်းမယ်ဆိုလည်း မုန်းလောက်နိုင်တဲ့အထိ ရှောင်းကျန့်က သူ့အတွက် သောက်မြင်ကပ်ဖို့အကောင်းဆုံးနဲ့ နှလုံးသားအမဲ့ဆုံးသူတစ်ယောက်ဖြစ်ခဲ့တာ..။ ကိုယ့်ကိုကိုယ်တောင်မုန်းတာ သူဆိုရင်တော့ ရှောင်းကျန့်မုန်းတာထက် အဆတစ်ရာမုန်းပါလိမ့်မယ်။

ဒါတောင်မှ စိတ်ဆိုးပြေလွယ်တဲ့သူက ရှောင်းကျန့်သာအနမ်းနဲ့ အသနားခံလိုက်ရင် လွယ်လွယ်ကူကူ ပြန်ပြီးခွင့်လွှတ်ပေးလောက်ဦးမှာ။

အချိန်တွေသာမလွန်သေးရင် သူ့လက်ကိုတွဲထားမယ့် နောက်ထပ်သက်ဆိုင်သူတစ်ယောက်သာ ပေါ်မလာသေးရင် ရှောင်းကျန့်ကအရှက်မဲ့စွာနဲ့ 'ပြန်လာပါရစေ'ဆိုပြီး တောင်းဆိုမိမှာ..။

အခုတော့.. အချိန်တွေက လွန်ကုန်လေပြီ..။

ပြန်မရောက်နိုင်တော့တဲ့ လက်လှမ်းမမှီနိုင်တော့တဲ့ အရင်အချိန်က ပျော်မြူးခဲ့ဖူးတဲ့ သူနဲ့စတွေ့ခဲ့တဲ့နေ့ရက်တွေက ရှောင်းကျန့်အတွက် ကမ္ဘာပေါ်မှာအဖိုးတန်လွန်းသောgold old daysပါပဲ။

မျက်လုံးနှစ်လုံးပွင့်ပွင့်ချင်း ရိပေါ်အကြောင်းကို တွေးနေမိတဲ့ကိုယ့်ကိုကိုယ် ရှောင်းကျန့်ကရယ်သွေးမိပါတော့တယ်။ အပေါ်ထပ်အခန်းမှာ ရှိနေမယ့်ရိပေါ်ကို သူကအောက်ထပ်အခန်းကနေ လွမ်းနေမိတာ..။

Old Days : I Missed You [COMPLETED]Where stories live. Discover now