Unicode
Kao - ရီလိုက်ရလို့မောသွားပြီ။ဟေ့ရောင်တွေအိမ်သာသွားရအောင်။ငါသေးပေါက်ချင်လာပြီ။
Ohm - ဆိုင်ကိုဘယ်လိုလုပ်မှာလဲဟ။
Boun - မင်းတို့ပဲသွားကြတော့။ငါမလိုက်တော့ဘူး။
Kao - Okလေ။အဲဒါဆိုလဲပြီးတာပဲ။Ohmသွားရအောင်။
Ohm - အင်း။ဆိုင်ကိုသေချာကြည့်ထားနော်။ဟိုဘက်ဆိုင်ကကလေးကိုပဲငမ်းမနေနဲ့အုံး😜။
Kao - မင်းကလဲမပြောပါနဲ့ကွာ။ငါBounရယ်ရီးစားရှိတာမြင်ချင်လို့ပါ🤣🤣။
Boun - မင်းတို့တွေဒီနေ့သွားအုံးမှာလား။
Ohm - Oh..အခြေအနေမကောင်းတော့ဘူး။Kaoမြန်မြန်သွားရအောင်😅။
Kao - သွားပြီနော်ဟိုဘက်ဆိုင်က ကလေးကိုငမ်းနေတဲ့Bounရေ🤣။
Boun - သေချင်းဆိုးတွေမင်းတို့ပြန်လာရင်ငါနဲ့တွေ့မယ်။
Ohmနဲ့Kaoတို့ထွက်သွားပြီးမကြာမီBounတို့ဆိုင်ကိုကောင်မလေးတယောက်ရောက်လာတယ်။
Girl - P'boun kha။
Boun - အချိုရည်ဝယ်မလို့လား။
Girl - ဟုတ်။
Boun - ဘာအရသာလဲ။
Girl - Pinkmilkပေးပါ။
Boun - ဘတ်၁၀၀ကျတယ်။
Girl - ဒီမှာပါရှင့်။
ကောင်မလေးကအချိုရည်ဝယ်ပြီးတာတောင်ထွက်မသွားသေးဘဲတခုခုကိုပြောချင်နေတဲ့ပုံနဲ့ရပ်နေတယ်။ဒါကြောင့်Bounကမေးလိုက်တယ်။
Boun - ဒီမှာမင်းဘာပြောစရာရှိသေးလို့လဲ။ပြောစရာရှိရင်လဲပြော။ပြောစရာမရှိရင်လဲသွားတော့။
Girl - ဟို...ဟိုလေ...။
Boun - မင်းပြောမယ်ဆိုလဲပြောလိုက်လေ။
နဂိုကထဲကလူတကာကိုခပ်ချေချေနေပြီးစိတ်မရှည်တတ်တဲ့Bounတယောက်တော်တော်စိတ်တိုနေပြီ။
Girl - ဟိုဟာလေ......။
Boun - ပြောစရာရှိတာမြန်မြန်ပြောလေ။ငါစိတ်တိုလာပြီ။
Girl - ညမP'bounကိုကြိုက်လို့ပါ။ညမကိုစဥ်းစားပေးလို့မရဘူးလားဟင်။
YOU ARE READING
From our first meet to the end of life(Uni+Zaw)
FanfictionUnicode ပထမဆုံးစတွေ့တုန်းကတယောက်နဲ့တယောက်အရမ်းမုန်းခဲ့ကြတဲ့ကောင်လေး၂ယောက်။ဘဝအဆုံးထိအရမ်းချစ်တဲ့ချစ်သူတွေဖြစ်သွားလိမ့်မယ်လို့ဘယ်သူထင်ခဲ့မှာလဲ။ ပထမဆုံးရေးဖူးတဲ့ficမို့လို့အမှားပါရင်ခွင့်လွှတ်ပေးကြပါ။Bounpremအတွဲလေးကိုအရမ်းကြိုက်လို့ရေးထားတာပါ။ Zawgyi ...