Unicode
တပတ်ကျော်သွားပြီBoun Premမတွေ့အောင်ရှောင်နေခဲ့တာ။ရေကူးclubကိုလဲPremမရှိတဲ့မနက်ပိုင်းကိုပဲသွားပြီးညနေပိုင်းPremရဲ့ရေကူးချိန်တွင်တော့ရှောင်နေတတ်တယ်။Premရဲ့ရေကူးချိန်ကိုလဲOhmနဲ့လွှဲလိုက်ပြီးOhmတာဝန်ယူမယ့်လူကိုBounကလက်လွှဲယူထားလိုက်တယ်။ဒါပေမယ့်Bounတယောက်Premမမြင်အောင်Premအနားမှာတော့အမြဲရှိနေတတ်တယ်။ဒီနေ့လည်းညနေပိုင်းPremရေကူးတာကိုအဝေးကနေငေးကြည့်နေတယ်။
Kao - Boun....မင်းတကယ်ကြီးPremနဲ့မတွေ့အောင်အခုလိုပဲရှောင်နေတော့မှာလား။
Boun - ကလေးကမှငါ့ကိုမတွေ့ချင်တာဟာ။သူအခုအဆင်ပြေနေတာပဲ။ငါ့မရှိတဲ့အတွက်သူ့ဘဝလေးအေးချမ်းနေတာပဲလေ။
Kao - ဒါပေမယ့်မင်းကရော..မင်းအရမ်းခံစားနေရတယ်မလား။
Boun - ငါခံစားနေရတာကအဆန်းမှမဟုတ်တာဟာ။ငါ့ဘဝမှာပျော်ရွှင်မှုဆိုတာမင်းတို့နဲ့ကလွဲရင်ငါချစ်ရတဲ့မိဘတွေနဲ့ကလေးဆီကမရခဲ့ဖူးပါဘူး။ကလေးနဲ့ပျော်ရွှင်ရတော့မယ်ဆိုတော့မှကံကြမ္မာကဒီလိုဖန်တီးလာတာလေ။အာ့ကြောင့်ငါ့အတွက်ခံစားရတာကဘာမှမဖြစ်ပေမယ့်ကလေးကတော့တဘဝလုံးပျော်ရွှင်လာရတာလေ။ငါ့ကြောင့်နဲ့ကလေးမပျော်ရွှင်ရမှာကိုမလိုလားဘူး။
Kao - Bounရာ.....မင်းအတွက်တကယ်စိတ်မကောင်းဘူး။ဒါပေမယ့်မင်းမမေ့ပါနဲ့မင်းရဲ့ဘေးမှာငါရယ်Ohmရယ်ကတော့အမြဲတမ်းရှိနေမှာဆိုတာ။
Boun - အင်းပါကွာ။ငါသွားတော့မယ်ကလေးရဲ့ရေကူးချိန်ကပြီးတော့မယ်။
Kao - အင်းပါ။
Bounပြောပြီးတော့ထွက်သွားတယ်။KaoလဲOhmတို့ဆီလာခဲ့လိုက်တယ်။သူတို့ရဲ့အကြံအစည်ကိုဒီနေ့ထုတ်သုံးမယ်လို့တိုင်ပင်ထားကြတယ်လေ။
Kao - Ohmမပြီးသေးဘူးလား။
Ohm - Kao....ဒီကိုဘာလုပ်အောင်လာတာလဲမင်းရဲ့အချိန်လဲမဟုတ်ဘဲနဲ့။
Kao - ကိုယ့်clubကိုလာတာပဲအကြောင်းပြချက်ပေးနေရဖို့လား။
Ohm - Prem....တက်ခဲ့တော့ဒီနေ့တော့ဒီလောက်ပဲနားရအောင်။
OhmကPremကိုလှမ်းပြောပြီးမှKaoကိုထပ်ပြောလာတယ်။Premကတော့အဝတ်လဲအောင်ထွက်သွားတယ်။
YOU ARE READING
From our first meet to the end of life(Uni+Zaw)
FanfictionUnicode ပထမဆုံးစတွေ့တုန်းကတယောက်နဲ့တယောက်အရမ်းမုန်းခဲ့ကြတဲ့ကောင်လေး၂ယောက်။ဘဝအဆုံးထိအရမ်းချစ်တဲ့ချစ်သူတွေဖြစ်သွားလိမ့်မယ်လို့ဘယ်သူထင်ခဲ့မှာလဲ။ ပထမဆုံးရေးဖူးတဲ့ficမို့လို့အမှားပါရင်ခွင့်လွှတ်ပေးကြပါ။Bounpremအတွဲလေးကိုအရမ်းကြိုက်လို့ရေးထားတာပါ။ Zawgyi ...