Unicode
အပြာရောင်သန်းနေသောကောင်းကင်ကြီးရဲ့တချို့တနေရာတွင်ဂွမ်းစလေးတွေကဲ့သို့အဖြူရောင်တိမ်စိုင်တိမ်ခဲလေးများနေရာယူထားသည်။ကောင်းကင်ကြီးမှလိမ္မော်ရောင်နေမင်းကြီးပေါ်ထွက်လာချိန်မှာတော့ကောင်းကင်းကြီးဟာလုံးဝကိုပြီးပြည့်စုံတဲ့ပန်းချီကားတချပ်ပမာ။
ယနေ့တော့ရာသီဥတုသာယာနေတယ်။မနေ့ကညနေထိမိုးရွာနေခဲ့ပေမယ်ဒီနေ့တော့တမူထူးခြားစွာကောင်းကင်ကြီးကကြည်လင်နေတယ်။ကြည်လင်နေတဲ့ကောင်းကင်ကြီးနဲ့ခြားနားစွာကောင်လေး၂ယောက်ရဲ့စိတ်ထဲမှာတော့ရာသီဥတုအခြေအနေမုန်တိုင်းထန်နေတယ်။
ဒီနေ့ကမိဘမဲ့ကလေးကျောင်းကိုလှူအောင်သွားရမဲ့နေ့။ကျောင်းဝန်းထဲတွင်Bounတို့အဖွဲ့အပြင်နောက်ဆုံးနှစ်နဲ့ဒုတိယနှစ်မှသူတို့ကိုကူညီဖို့လိုက်လာတဲ့ကျောင်းသားအချို့ရှိနေတယ်။Premတို့အဖွဲ့ကနောက်ကျနေတယ်။။နောက်ဆုံးနှစ်ကစီနီယာJanhaeနဲ့Yachtကပဲဦးဆောင်ပြီးသူတို့ကိုခေါ်သွားတယ်။
Yacht - ကဲ....ကလေးတွေကားပေါ်တက်ရအောင်။ပထမနဲ့ဒုတိယရတဲ့အဖွဲ့ကတစီး။ကူညီပေးဖို့လိုက်လာတဲ့ကျောင်းသားတွေကတစီးနော်။
Janhae - ပထမရတဲ့အဖွဲ့နဲ့ဒုတိယရတဲ့အဖွဲ့ကအမနဲ့တူတူစီးရမယ်နော်။လာကားပေါ်တက်တော့။ဒါနဲ့ပထမရတဲ့အဖွဲ့ရော။မလာသေးဘူးလား။
Ohm - မရောက်သေးဘူးအမ။
Kao - အမ......ကျွန်တော့ချစ်သူကိုပါဒီကားထဲခေါ်ချင်လို့ရလားအမ။သူကဒီမေဂျာကမဟုတ်ဘူးအမ။ကျွန်တော်နဲ့ကူညီပေးဖို့လိုက်လာတာ။
Janhae - အော်...ရပါတယ်။ဒါဆိုအမကားပေါ်တက်နှင့်မယ်နော်။ပထမရတဲ့အဖွဲ့လာရင်ပြောပြီးတော့ကားပေါ်တက်ခဲ့ကြနော်😇။
Kao - ဟုတ်အမ။ကျေးဇူးပါ😊။
စီနီယာအမကားပေါ်တက်သွားတော့...
Ohm - Kaoတို့ကတော့ပိုင်တယ်ကွာ။Upကိုမရရအောင်ခေါ်လာတယ်။Upမင်းကရောဘာလို့လိုက်လာတာလဲ။ငါိတို့ရှေ့မှာသေအောင်roပြနေလို့ကတော့ ၂ယောက်လုံးကားပေါ်ကကန်ချမှာနော်။
YOU ARE READING
From our first meet to the end of life(Uni+Zaw)
FanfictionUnicode ပထမဆုံးစတွေ့တုန်းကတယောက်နဲ့တယောက်အရမ်းမုန်းခဲ့ကြတဲ့ကောင်လေး၂ယောက်။ဘဝအဆုံးထိအရမ်းချစ်တဲ့ချစ်သူတွေဖြစ်သွားလိမ့်မယ်လို့ဘယ်သူထင်ခဲ့မှာလဲ။ ပထမဆုံးရေးဖူးတဲ့ficမို့လို့အမှားပါရင်ခွင့်လွှတ်ပေးကြပါ။Bounpremအတွဲလေးကိုအရမ်းကြိုက်လို့ရေးထားတာပါ။ Zawgyi ...