Unicode
Ohmနဲ့Flukeစာကြည့်တိုက်ကိုရောက်တော့....
Yacht - Ohmရေ...စာအုပ်တွေကဒီမှာနော်။ငါထားခဲ့ပြီ။အပြင်ဘက်ကကလေးတွေကိုသွားကြည့်လိုက်အုံးမယ်။
Ohm - krub P'။
Ohm - Fluke.....Nong'fluke။Fluke......။
Fluke - ဟင်....P'။ဘာပြောလိုက်တာ။
Ohm - မင်းဘာတွေတွေးနေတာလဲ။P'ဘာမှမပြောရသေးဘူး။
Fluke - ကျွန်တော်တောင်းပန်ပါတယ်P'။ကျွန်တော်နဲနဲအတွေးလွန်သွားလို့။
"Fluke pov-ဟုတ်ပါတယ်။ကျွန်တော်အတွေးလွန်သွားတာ။P'ohmကPremကိုဂရုစိုက်နေလို့လေ။ကျွန်တော်နောက်ဆုံးတွေးမိတယ်P'ohmကPremကိုများကြိုက်နေတာလားလို့လေ။Premကိုအရမ်းကာကွယ်ပေးနေလို့လေ။Premနေမကောင်းတာသိပေမယ့်P'ကအဲလောက်ကြီးထိPremကိုဂရုမစိုက်သင့်ဘူးလို့ထင်လို့ပါ။ကျွန်တော်အတွေးတွေကကျွန်တော့်ကိုနှိပ်စက်နေတယ်။အဲဒါကြောင့်ကျွန်တော်အတွေးလွန်နေတာP'ohmခေါ်တာတောင်မကြားနိုင်ဘူးဖြစ်သွားတာ။"
Ohm - အင်းပါ။အခုစာအုပ်တွေစီရအောင်လေ။ထမင်းစားချိန်နီးနေပြီ။တော်ကြာထမင်းစားချိန်လွန်သွားမယ်။
Fluke - Krub P'။
Ohmနဲ့Flukeနဲ့စာအုပ်တွေတူတူစီနေကြတယ်။ဒါမဲ့Flukeကစိတ်နဲ့ကိုယ်နဲ့မကပ်တော့လုပ်သမျှကအဆင်မပြေဘူး။နောက်ပြီးFlukeရေကြောက်သွားတာလဲပါတယ်။သူရေထဲကိုမဆင်းလိုက်ရပေမယ့်သူချစ်ရတဲ့သူကသူ့ကိုရေထဲဆင်းဖို့ပြောလိုက်တဲ့စကားလေးတခွန်းကြောင့်။ဒါမဲ့Fluke..Ohmကိုအပြစ်မတင်ပါဘူး။Flukeရေကြောက်တဲ့အကြောင်းကိုOhmမှာမသိတာ။
အချစ်ဆိုတဲ့အရာကအရမ်းဆန်းကြယ်တာပဲ။လူတယောက်ကိုချစ်မိသွားရင်သူနဲ့ပတ်သက်တဲ့အရာအားလုံကိုလုံးဝအပြစ်မမြင်တော့တာ။
Ohm - နေမကောင်းဘူးလားFluke။Premဆီကနေအဖျားကူးသွားတယ်လား။
Flukeကိုမေးရင်နဲ့Flukeရဲ့နဖူးကိုလက်နဲ့အဖျားလာတိုင်းတဲ့Ohm။Flukeတယောက်ကသာရင်တွေခုန်ပြီးစကားပြန်မပြောနိုင်လောက်တဲ့ထိဖြစ်သွားတယ်။ဘယ်သူမဆိုကိုယ်ချစ်ရသူကဂရုစိုက်လာရင်အနဲနဲ့အများတော့ဆွံ့အသွားကြတာပဲမလား။
YOU ARE READING
From our first meet to the end of life(Uni+Zaw)
FanfictionUnicode ပထမဆုံးစတွေ့တုန်းကတယောက်နဲ့တယောက်အရမ်းမုန်းခဲ့ကြတဲ့ကောင်လေး၂ယောက်။ဘဝအဆုံးထိအရမ်းချစ်တဲ့ချစ်သူတွေဖြစ်သွားလိမ့်မယ်လို့ဘယ်သူထင်ခဲ့မှာလဲ။ ပထမဆုံးရေးဖူးတဲ့ficမို့လို့အမှားပါရင်ခွင့်လွှတ်ပေးကြပါ။Bounpremအတွဲလေးကိုအရမ်းကြိုက်လို့ရေးထားတာပါ။ Zawgyi ...