အရိပ်လေး Part-3 a little warning

2.4K 111 0
                                    

" အရိပ်လေး "
Unicode

Part-3

" ဗျာ မာမီ သဘက်ခါ ပန်ပန်နဲ့ စေ့စပ်မယ်ဟုတ်လား 
ရှိန်း လက်မခံဘူး မာမီ ရှိန်းကျောင်းလည်းမပီးသေးဘူး အရမ်းမစောနေဘူးလားမာမီ ပြီးတော့ ရှိန်း ပန်ပန်ကိုယူမှာမဟုတ်ဘူး ရှိန်းမှာချစ်သူရှိတယ် "

ဘုရားခန်းတွင်ဘုရားပန်းလဲနေတဲ့ ကောင်း ကတော့ မာမီလေးအခန်းထဲက စကားများသံကြား၍ အခန်းပြင်ကနေခိုးနာထောင်နေသည်။ရှိန်း သဘက်ခါစေ့စပ်ရတော့မယ် ဆိုတဲ့စကားကြားသည်နှင့် မျက်ရည်လေးဝဲကာ အခန်းထဲသို့ပြေးဆင်းသွားတော့သည်။

" သား ရှိန်း မေ့မေ့ဆန္ဒ ကို ငြင်းဖို့မကြိုးစားနဲ့ ခုကစေ့စပ်ထားမှာ ကျောင်းပြီးတာနဲ့လက်ထပ်ပီး နှစ်ယောက်လုံးကို နိုင်ငံခြား မှာ ဘွဲ့လွန်ထပ်တက်စေချင်တယ် ရှိန်းရဲ့အနာဂတ်အတွက် မာမီစီစဥ်နေတာ ရှိန်းကောင်းဖို့အတွက်လေ သားရယ် "

" မာမီ စီစဥ်နေတာ သားအတွက်လား မာမီအတွက်လား မာမီသေချာပြန်စဥ်းစားပေးအုံး သားကောင်းဖို့အတွက်နဲ့ သားဆန္ဒမပါတာတွေကို မာမီအတင်းလုပ်ခိုင်းလို့မရဘူး ကျွန်တော့ချစ်သူနဲ့မဟုတ်ရင် ဘယ်လောက်ကောင်းနေတဲ့ ရွှေလမ်းခင်း ဖြစ်ပါစေ ကျွန်တော်မလျှောက်နိုင်ဘူး မာမီ "

" ရှိန်း မင်းရဲ့ချစ်သူကဘယ်သူလဲဆိုတာ မာမီမသိဘူးသားထင်နေတာလား မဖြစ်သင့်မဖြစ်ထိုက်တာမဖြစ်ရအောင်မာမီတားနေတာ "

" မာမီသိတယ်ပေါ့အာ့ဆို သိသိလျက်နဲ့ဘာလို့ ပန်ပန်နဲ့ပေးစားသေးလဲ မာမီအရမ်းတစ်ကိုယ်ကောင်းဆန်တယ်ဗျာ "

" မာမီ ကောင်းကို တစ်ခုခုမလုပ်နိုင်ဘူးလို့ အာမမခံဘူးနော် ရှိန်း မင်းက ငါ့ရဲ့တစ်ဦးတည်းသောသား ငါ့တို့မျိုးဆက်ပျက်တုန်းအောင်မင်းလုပ်ဖို့မကြိုးစားနဲ့ မာမီအတန်တန်သတိပေးနေတယ်နော် မင်းလက်မခံရင် မင်းရဲ့ ကောင်း တစ်ခုခုကိုလက်ခံရလိမ့်မယ် "

အား.......ဖောင်း....ဘေးနားကပန်းအိုးကိုစိတ်နာနာနဲ့ ပစ်ပေါက်လိုက်ပြီး ကားကိုအရှိန်ပြင်းပြင်းနဲ့ အိမ်ကနေမောင်းထွက်သွားလိုက်သည်။

အရိပ်လေး (complete) (Uni+zawgyicode)Where stories live. Discover now