အရိပ်လေး Part 7

1.9K 109 0
                                    

" အရိပ်လေး "

Unicode

Part -7
" ကောင်း.....မင်းစိတ်လျော့ထား.....    ခနလေး အားတင်းထား.....ခနလေး....ပဲ ဆေးရုံရောက်တော့မယ် "
" ဗိုက်နာတယ်.. အား..    မွေးတော့မယ် ထင်တယ်......နာတယ်.. ဟီး😭😭 "

" ဒီလိုနာမှန်းသိရင် ခလေးမမွေးဘူး ဟင့် 😭😭  "

" ဘာတွေပြောနေလည်း အဲ့လိုမတွေးရဘူးလေ ကောင်း ဗိုက်ထဲက ပိစိလေးတွေကြားသွားရင်စိတ့မကောင်း​ြဖစ်နေမယ် ေနာ်လိမ္မာတယ် အားတင်းထား "

" ပိစိလေးတွေ စိတ်မကောင်းဖြစ်မှာလား အာ့ဆိုမပြောတော့ဘူး.... ပါးပါး.တောင်းပန်ပါတယ်နော်     ...ကျန်းကျန်းမာမာနဲ့ ထွက်လာပေးနော် ပိစိလေးတွေ "

ဟုတ်ပါတယ် ပိစိလေးတွေပါ ဗိုက်ထဲမှာက အမြွှာဘူး လေးတွေပါ. (ရှိန်းတို့ စွမ်းတယ်နော် )

ကောင်းကိုကြည့်ပြီးတကယ်အရမ်းသနားမိတယ် ကိုယ်ဝန်ဆောင်နေတဲ့တစ်လျှောက် သူတော်တော်ခက်ခဲခဲ့တာကျွန်တော်အသိဆုံးပေါ့ တော်သေးတယ် ကျွန်တော်ကူညီခွင့်ရနေလို့ မဟုတ်ရင် ကျွန်တော့်ကိုကျွန်တော်လည်းအပြစ်တင်လို့ဆုံးမှာမဟုတ်ဘူး

ကျွန်တော့်ကိုမချစ်ရင်နေပါစေဗျာ ခုလို ကောင်းကိုကူညီခွင့်ရနေတာကိုက ကျွန်တော်ကျေနပ်နေပြီး
နှလုံးသားသော့ခတ်ထားတဲ့လူတစ်ယောက်ကို ချစ်တယ်လို့ကျွန်တော် ဘယ်ပြောထွက်မှာလဲ စိတ်ထဲမှာမျိုသိပ်ပြီး ထားနိုင်ဖို့ပဲကြိုးစားနေတယ်

ခွဲစိတ်ခန်းထဲမှာ ကြာလိုက်တာကောင်းရာ..... ဘာမှမဖြစ်ပါစေနဲ့ကျွန်တော်ဆုတောင်းနေမိတယ် ။ ကျွန်တော်တွေးနေစဥ်မှာပဲ ခွဲစိတ်ခန်းတံခါးဖွင့်လာတယ်

" ဒီက လူနာရဲ့ အစောင့်လားခင်ဗျ "

" ဟုတ်ပါတယ်ဒေါက်တာ "
"
လူနာကအားနည်းလို့ ခက်ခက်ခဲခဲနဲ့မွေးထားပေးရတာ ကိုယ်ဝန်ဆော်ကုထုံးကို ဖယ်လိုက်တယ်နော် နောက်တစ်ခါ ကိုယ်ဝန်ဆောင်ရင် အသက်အန္တရာယ် အာမမခံနိုင်လို့ပါ ခုတော့ အခန်းရွှေ့ပေးပါ့မယ် "

ခွဲစိတ်ခန်းကနေ ဆေးပုလင်း ကြီးချိတ်ပြီး သတိမေ့နေတဲ့ ကောင်း ကိုတွေ့တော့မှ စိုးရိမ်နေတဲ့စိတ်နည်းနည်းသက်သာလာတယ် ဘာပဲပြောပြော အသက်အန္တရာယ်ကနေ လွတ်လာပြီးမလား

အရိပ်လေး (complete) (Uni+zawgyicode)Where stories live. Discover now