အရိပ်လေး.part 4

2K 110 1
                                    

"Unicode

Part-4 💔

ခြံထဲမှာနေလာတာ ၆ ရက်ရှိပီး ကောင်းကနေရအဆင်ပြေပေမယ့် ကိုကို့လိုသူဋ္ဌေးသားတစ်ယောက်အတွက် ဒီလိုနေရာမှာနေရတာအရမ်းကိုအဆင်မပြေမှန်းကောင်းသိပါတယ်။ကောင်းကိုချစ်လို့ဒီလိုနေရာမှာနေပေးတယ်ဆိုတာလည်းကောင်းသိတယ်။
အဲ့ဒီအတွက်လည်းကိုကို့ကိုပိုပိုချစ်နေရတာပေါ့ ။

" ကောင်း...တစ်ယောက်ထဲဘာတွေတွေးနေလဲ "

" ဘာမဟုတ်ပါဘူး ကိုကိုရယ် မနက်ဖြန်ဆို ကောင်းတို့လက်မှတ်ထိုးကြမယ်မလား အာ့အကြောင်းတွေးနေတာ ကိုကို မနက်ဖြန်အရာရာအဆင်ပြေမှာပါနော်ကောင်းစိတ်ထဲ နည်းနည်းလေးနေတယ် "

" စိတ်မပူပါနဲ့ကောင်းရယ် ကိုယ်တိူ့လက်မှတ်ထိုးပြရင်မာမီလည်းခွဲလို့မရတော့ဘူး ဘယ်မှခွဲလို့မရဘူးစိတ်ချ "

နောက်နေ့မနက်ရောက်သော် မြို့တက်ရမှာမို့ နှစ်ယောက်သားစောစောစီးစီးထပြင်ဆင်ပြီး ကားပေါ်တက်ကာ မြို့တက်လာကြသည် ။

ရှိန်းကကားမောင်းပြီး ကောင်းကဘေးကနေရင်ခုန်စွာနဲ့ နှစ်ယောက်သား မြို့ကိုပျော်ရွှင်သွာတက်လာနေကြရင်း

I stay at all Night🎶🎶
Tell myself at alright🎵🎵🎶
Baby you're just harder🎶
ရှိန်းရဲ့ဖုန်း ringtone လေးထမြည်လာတော့ ကောင်းဖုန်းကိုကြည့်လိုက်တာ ရင်ထဲ ဒိန်းခနဲ မှတ်ထားတဲ့ contact က ဘကြီးမှိုင်းတဲ့ ဘိုးဘိုးပေါ့ ဘိုးဘိုးက ကိစ္စမရှိရင်ဆက်တဲ့သူမှမဟုတ်တာ

ရှိန်းဖုန်းကိုင်ပြီး အံ့သြမှင်သက်သောမျက်နှာဖြင့်
ကောင်းကိုတစ်ချက်လှည့်ကြည့်ပြီး

" ဟုတ်ကဲ့ ကျွန်တော်တို့အခုပဲလိုက်လာခဲ့ပါမယ် "

ပြောပြီးပြီးချင်းဖုန်းချကာလမ်းဘေးကားထိုးရပ်လိုက်တယ်

" ကောင်း ကို့မာမီ ဆေးရုံတင်ထားရတယ် ကိုတို့ကိစ္စကြောင့်စိတ်ဓာတ်ကျပြီး အိပ်ယာထဲလဲနေတာ ၃ရက်ရှိပီး အမေ့နှလုံးရောဂါထဖောက်လို့ ခုအရေးပေါ်ခန်းထဲမှာ ကိုတို့အခုလိုက်သွားမှရမယ် "

စိုးရိမ်တကြီးနဲ့ဂနာမငြိမ်စွာပြောလာသည့်ရှိန်းရဲ့လက်ကိုညင်ညင်သာသာကိုင်ကာ

အရိပ်လေး (complete) (Uni+zawgyicode)Onde histórias criam vida. Descubra agora