"Unicode
Part -6
မျက်လုံးနှစ်လုံးဖွင့်လိုက်တာနဲ့ မြင်လိုက်ရတဲ့မျက်နှာကျက်အဖြူ ဘေးနားကဆေးချိတ်တိုင်နဲ့တွဲထားတဲ့ဆေးပုလင်းကြီး လက်ကိုကြည့်လိုက်တော့ဆေးပိုက်တွေနဲ့အပ်စိုက်ထားတယ် ကျွန်တော်ဘယ်ရောက်နေလဲ မှတ်မိသလောက်ကတော့ ကားတစ်စီး ဝင်တိုက်မလိုဖြစ်သွားတာပဲဒီနေရာကို ကျွန်တော်ဘယ်လိုရောက်ခဲ့တာလဲ ဒီနေရာကရောဘယ်မှာလဲ
" မင်းနိုးလာပြီးလား..... "" မင်းထိုင်ချင်လား ငါကူပေးမယ် ဆရာဝန်ကပြောတယ် မင်းစိတ်ဓာတ်ကျပြီးအားပျက်သွားတာတဲ့ တစ်ရက်နှစ်ရက်လောက်တော့နားလိုက်ရင် သက်သာသွားမယ် "
" မင်းငါ့ကားနဲ့တိုက်မလိုဖြစ်သွားပြီးသတိမေ့သွားလို့ ငါခေါ်လာခဲ့တာ " " ခုရောက်နေတာ private ဆေးခန်းတစ်ခုမှာ " " မင်းစိတ်မပူပါနဲ့ ငါ့အကိုကဒီကဆရာဝန်ပဲ "
." မင်းစကားပြောတတ်ပါတယ်နော် "
" အာ ဟုတ်ကဲ့ ပြောတတ်ပါတယ်ခင်ဗျ ဟို ကျွန်တော်ဆေးရုံကနေဆင်းလို့ရပြီးလား ဗျ "
" နေပါအုံးမင်းကလဲ ငါ့အကိုသွားခေါ်လိုက်အုံးမယ် မင်းထွက်မပြေးနဲ့နော်ခနစောင့် "
ကြည့်ရတာအဲ့တစ်ယောက်ကကျွန်တော့်အရွယ်လောက်ပဲ ဖြစ်မယ် ဘာဖြစ်ဖြစ်ကျေးဇူးရှိသွားပြန်ပြီး
အင်း...ဒီကနေဆင်းသွားရင်ငါဘယ်ကိုသွားရင်ကောင်းမလဲ ဇွဲဆီပဲအရင်သွားပြီးအကူအညီတောင်းရမှာပဲကိုကိုရော ကိုကိုအဆင်ပြေရဲ့လား ကျွန်တော့်ကိုလိုက်ရှာနေမှာလား အာ...ကျွန်တော်အတွေးလွန်နေပြန်ပြီး ကျွန်တော့်ကိုရွံနေတဲ့ကိုကိုက ဘယ်လိုလုပ်လိုက်ရှာမှာလဲ
မျှော်လင့်ချက်လေးထားချင်ပေမယ့် မျှော်လင့်ချက်မဲ့တဲ့မျက်ရည်ပဲ ကျွန်တော့်မှာရှိတော့တယ်
" ဟင်း မင်းငိုနေတယ်ဘာဖြစ်လို့လဲ ဘယ်နားနာလို့လဲ ဒီမာဆရာဝန်လာပြီး မငိုနဲ့တော့နော် "
ကျွန်တော့်ပခုံးကိုဖွဖွလေးပုပ်ပြီးနှစ်သိမ့်ပေးနေတဲ့လူကိုကျွန်တော်ကြည့်လိုက်တယ် တကယ်ကိုကျွန်တော့်ကိုစိုးရိမ်တဲ့မျက်လုံးနဲ့ကြည့်ပြီးအားပေးနေရှာတာပဲ
YOU ARE READING
အရိပ်လေး (complete) (Uni+zawgyicode)