အရိပ်လေး Part 8

2.1K 119 0
                                    

" အရိပ်လေး "
Unicode
Part-8

၃နှစ်တောင်ရှိပြီး လေ ကိုကို ကျွန်တော်ဘဝသစ်တစ်ခုမှ နေသားကျနေတော့မှ ကျွန်တော့်ကိုလွမ်းနေတယ်တဲ့လား.ကျွန်တော်ပျော်ရမှာလား 

" ကောင်း ဘယ်သူ့ဆီကဖုန်းလဲ  ....."

" ဟင်....လွှမ်း...."
" ဘယ်သူ့ဖုန်းမို့လို့.. လန့်သွားတာလဲ ကောင်းကြည့်ရတာပုံမှန်မဟုတ်သလိုပဲ "

ကျွန်တော်လည်း တုန်နေတဲ့အသံကိုထိန်းပြီး ​လွှမ်းကိုပြောပြလိုက်တယ်

" လွှမ်း...ဟို..ခုနကဖုန်းက...ငါ့ကိုကိုဆီကလာတာ.. "

" ဟင်....ကောင်း.မင်းအဆင်ပြေရဲ့လား....သူကဘာတဲ့လဲ "

" ကိုကိုပြန်လာပီးတဲ့.....ငါဘာဆက်လုပ်ရမလဲ လွှမ်း.... "

" ကောင်း..စိတ်အေးအေးထား..မင်းဘာဖြစ်ချင်လဲသေချာစဥ်းစား..မင်းဆုံးဖြတ်ချက်တဲ့အတိုင်း ဖြစ်အောင်ငါလုပ်ပေးမယ်."
" ငါအခန်းပြန်နားတော့မယ် သက်တန့်နဲ့ လရိပ်ကို ဇွဲဆီထားထားတာကြာနေပြီး.. ငါပြန်လိုက်အုံးမယ် "

" အင်းငါမပို့တော့ဘူးနော် ကောင်း."

ကောင်းရာမင်းကိုကိုပြန်လာပီးတဲ့ ငါဝမ်းသာပါတယ် ပိစိလေးတို့ daddy ပြန်တွေရြတော့မှာပေါ့ တကယ်လို့ မင်းရွေးချယ်မှုက ငါမဟုတ်ခဲ့ရင်လည်း မင်းအကောင်းဆုံးဖြစ်အောင် ငါအမြဲပံ့ပိုးပေးနေမှာပါ.ချစ်တယ်ကောင်း ဒီစကားကို ရင်ဘက်ထဲမှာပဲသိမ်းထားလိုက်ပါ့မယ်

" လွှမ်း... လွှမ်း...ဟေ့ကောင် လွှမ်း..."

" ဟင်..မင်းငါ့ကိုခေါ်နေတာလား ဇွဲ.ဟီး."

" ဟုတ်တယ် ပြတင်းပေါက်ငေးပြီးဘာတွေအတွေးလွန်နေလို့ ငါဒီလောက်ခေါ်တာမကြားရတာလဲ..."

" သြော်ဒီလိုပါပဲ..... ဘာကိစ္စရှိလို့ လဲ ငါ့ကိုရှာတာ "

" သြော် ဟိုဟာလေ. .ပိစိလေးတို့က သူ့ပါးပါးဆီပြန်ရောက်သွားပြီးဆိုတော့လေ..အါ့တာလေ. ငါ ဟိုးတောင်ကုန်းပေါ်သွားချင်လို့မင်းလိုက်ခဲ့ပါလားလို့ ငါတစ်ယောက်ထဲမသွားရဲလို့..ဟီး😁 "

" မင်းကမိန်းခလေးလား ကြောက်တတ်လိုက်တာ သွားဆိုလည်းသွားမယ် ဘယ်အချိန်သွားမှာလဲ ဇွဲ "

အရိပ်လေး (complete) (Uni+zawgyicode)Where stories live. Discover now