(၈)

1.8K 224 36
                                    

Unicode

** နတ်ပန်းချီဆေးသုံး ကွန့်ရောလေသလား
သမိုင်းပြောင်မညိုး စစ်ကိုင်းတောင်တော်ရိုးမှာလေ **

မင်းကွန်းဒေသတစ်ခွင် မြေနီလမ်းထက် ခြေရာအရှာခက်အောင် လည်ပတ်ခဲ့ကြသည် ။ မင်းကွန်းပုထိုးတော်ကြီးမှ မြသိန်းတန်စေတီသို့ သွားရာလမ်းတစ်လျှောက်ရှိ  အပင်များထက်တွင် ရုပ်သေးရုပ်များ ချိတ်ဆွဲချပြထားသည်မှာလည်း တစ်မျိုးတစ်မည်ရှုချင်စဖွယ် ။ ဘုရားစေတီများအနီးရှိ ဆိုင်ခန်းများရှေ့တွင် ခေတ်အဆက်ဆက်လက်ရာ အုတ်ခွက်ကျောက်စာ ကြေးသွန်းပန်းတေ့စသည့် အနုသုခမများကိုလည်း ခင်းကျင်းပြသထားသဖြင့် ငေးမောရှုစား၍ မဝနိုင်အောင်ပင် ။

မင်းကွန်းမှ ပြန်ထွက်လာခဲ့ပြီး စစ်ကိုင်းတောင်တန်းများထက်မှ ရှင်ပင်နံကိုင်းဘုရားနှင့် ဥမင်သုံးဆယ်တို့ကို ဆက်သွားကြသည် ။ ဥမင်သုံးဆယ်ကိုတော့ ဝင်ဖူးဖြစ်ခဲ့သော်လည်း ရှင်ပင်နံကိုင်းဘုရားကိုမူ ကားပေါ်မှသာ ဖူးမျှော်ဖြစ်သည် ။ ဘုရားတည်ထားရာ နံကိုင်းတောင်ပေါ်သို့ လှေကားထစ်များနှင့် တက်ရမည်ဖြစ်၍ပင် ။

တောင်ပေါ်ကို အလုံပိတ်ကားလေးနှင့် တက်လာရသည်တောင် မူးဝေနေခဲ့တာ တောင်နံရံများအတိုင်း ခပ်မတ်မတ်ဖောက်လုပ်ထားသည့် လှေကားထစ်များကိုမြင်ပြီး ထနောင်း အောက်သို့မဆင်းဖြစ်တော့ ။ ထနောင်းလိုပင် တချို့သူများလည်း ကားပေါ်တွင်နေခဲ့ကြသည် ။ စစ်ကိုင်းတောင်ပေါ်မှ ပြန်ဆင်းလာတော့ အဆင်းလမ်းတွင် ကားပိတ်သည်နှင့် ကြုံရသည် ။ တောင်အတက်အဆင်းလမ်းမှာ ကျဉ်းလေသောကြောင့် အန္တရာယ်တော့များလှသည် ။

စစ်ကိုင်းတောင်ခြေသို့ ပြန်ရောက်တော့ ခြောက်နာရီပင် ထိုးနေချေပြီ ။ စစ်ကိုင်းမြို့တွင်းသို့ မောင်းလာကြပြီး နာမည်ကြီးသည်ဟူသော ထမင်းဆိုင်တွင် ရပ်လိုက်ကြသည် ။ မြတ်နိုးတို့နှင့်အတူ ထနောင်းရော ကိုဒီနိုင်းခပါ တစ်ဝိုင်းတည်းထိုင်၍ ညစာစားဖြစ်ကြသည် ။ စားသောက်နေကြရင်း မြတ်နိုးက ပြောလာသည် ။

တူနှစ်ကိုယ် / တူနှစ်ကိုယ် [Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ