(၁၄)

1.5K 145 12
                                    

Unicode

မိုးရာသီမဟုတ်ပါဘဲနှင့် မြေသင်းနံ့က ခပ်သင်းသင်းရနေသည် ။ လမ်းမထက်တွင် ဖုန်မထအောင် ရေဖျန်းထားပုံရသည် ။ ကတ္တရာလမ်းမဘေးဖြစ်သော်လည်း ရေမြေသဘာ၀အရ ဖုန်ကတော့ တက်သေးသည် ။

ထနောင်းမှာ စာမေးပွဲပြီးပြီဖြစ်၍ ပြည်သို့ ပြန်ရောက်နေရပြီပေ ။ ပြန်ရောက်ပြီးနောက် တစ်ရက်နှစ်ရက်သာနားရသေးသည် ။ အဖေနှင့် အစ်ကိုဖြစ်သူမှာ သူ့ကိုအားယားမနေရအောင်ဆိုကာ ဆန်ဆိုင်တွင် ၀င်ကူစေသည် ။ သည်နေ့လည်း အမေက ဆိုင်အတူထိုင်နေရင်းမှ သွေးတက်ချင်ချင်ဖြစ်သည်ဟုဆိုလာ၍ အစ်ကိုကြီးက အိမ်သို့ပြန်ပို့ပေးနေသဖြင့် ဆိုင်တွင် ထနောင်းနှင့် ဆိုင်အကူကောင်လေးနှစ်ယောက်သာ ကျန်ခဲ့သည် ။

ဆန်အိတ်များလာပို့သည့်ကား ရောက်လာ၍ ကောင်လေးနှစ်ယောက်က ဝိုင်းကူပေးနေသည် ။ ထနောင်းကတော့ လယ်ဂျာတစ်အုပ်နှင့် ပေသီးခေါက်နေလေသည် ။

'' အစ်ကိုလေးရေ ဆန်အိတ်တွေ နေရာချခဲ့ပြီးပြီဗျ... ''

ဆိုင်ရှေ့ဆီမှ အော်ပြောသံကို ကြားလိုက်ရသဖြင့် စားပွဲအံဆွဲထဲမှ ပိုက်ဆံထုပ်ကိုယူကာ ဆိုင်အပြင်သို့ ထွက်လာခဲ့လိုက်သည် ။ ကျသင့်ငွေများကိုရှင်းပြီးနောက် ဆိုင်ထဲသို့ပြန်၀င်ရန် ဟန်ပြင်လိုက်စဉ် မျက်၀န်းထောင့်မှ တစ်စုံတစ်ယောက်ကိုမြင်လိုက်ရ၍ သေချာစွာကြည့်လိုက်မိသည် ။

ထိုသူကလည်း ထနောင်းကို မြင်သွားဟန်ရသည် ။ မျက်ခုံးထူထူတို့ ပင့်တက်သွားကာ သူ့နံဘေးမှလူကို လက်တို့၍ စကားလှည့်ပြောပြီးနောက် ထနောင်းရှိရာသို့ လျှောက်လာလေသည် ။

'' အစ်ကို... ''

ဟုတ်ပေသည် ။ ထနောင်း၏ အစ်ကိုလွမ်းမြတ်နောင်ပေ ။ အနားနီးလာ၍ ထနောင်းက ပြုံးပြလေတော့ သူကပါ သွားပေါ်ရုံ ပြန်ရယ်ပြသည် ။

'' အစ်ကိုက ဘယ်လိုဖြစ်ပြီး... ''

ထနောင်းဘက်ကသာ စ၍နှုတ်ဆက်လိုက်သည် ။

တူနှစ်ကိုယ် / တူနှစ်ကိုယ် [Completed]Where stories live. Discover now