Part (27)

749 51 2
                                    

လူကြီးများအာရုံပြောင်းသွားမှ အစားဖြောင့်ဖြောင့်ဆက်စားနိုင်ပါသော တိမ်ယံကြောင့် ပထမဆုံးအကြိမ်အဖြစ် အချစ်ငှက်စုံတွဲကို ထူးမြတ် ကျေးဇူးတင်မိသွားသည်။
ဆီချက်ခေါက်ဆွဲမှဆီတွေ နှုတ်ခမ်းတစ်ဝိုက်ဝေ့နေသည်ကိုက ကလေးတစ်ယောက်အလား တိမ်ယံက ချစ်စရာကောင်းနေသည်။ သူ့ရှေ့မှ ချောကလက်နွေးနွေးကို စုပ်သောက်လိုက်တိုင်း အနည်းငယ်ချိုင့်ဝင်သွားသည့် ပါးနှစ်ဖက်သည်လည်း ချစ်စဖွယ်ပင်။ ခွက်အလွတ်ရှာမတွေ့တော့၍ ကော်ဖီခွက်ထဲထည့်ပေးထားသည့် ဟင်းချိုပူပူကို မှုတ်သောက်လိုက်သည့် နှုတ်ခမ်းဖူးဖူးလေးသည်လည်း ချစ်ချင်မိသည်ထက်ပိုနေပြီ။

ယခုအချိန်တွင် ထူးမြတ်အတွက် သူ၏ကလေးနှင့်အနီးတစ်ဝိုက်တွင် ရာသီဥတုမှာ ချစ်စရာကောင်းနေပြီး ကြင်နာခြင်းများ ရွာရန်ရာနှုန်းပြည့်နှင့် ရင်ခွင်သည် မျက်စိတစ်မှိတ်လျှင် အကြိမ်ရေ (၁၅၀၀) နှုန်းနှင့် လှုပ်ခတ်နေသည်မှာ အသည်းအထန်ပင်။
နောင်တစ်သက်တာအတွက် ကြိုတင်ခန့်မှန်းချက်မှာလည်း ထိုနည်းလည်းကောင်းပင် ဖြစ်ပေမည်။
Memory card များကဲ့သို့ တစ်သက်တာအာမခံချက်ပင် ပေးလိုက်ချင်ပါသေးသည်။

"ဟေ့လူ၊ မေးနေတာ ဖြေလေ"

"ဟင်၊ ဘာမေးတာလဲ မကြားလိုက်ဘူး"

"ညက အိပ်ရေးမဝဘူးလားလို့"

တိမ်ယံမေးလေမှ သတိထားမိသည်။ ခေါက်ဆွဲဘူးလည်း လွှင့်ပစ်ပြီးနေပြီး ကော်ဖီခွက်လည်း ဆေးပြီးနေခဲ့ပြီ။ လူတစ်ယောက်လုံး ရှေ့မှထသွားသည်ကို မသိရလောက်အောင် အတွေးတို့သည် ကမ္ဘာအဝေးသို့အလည်အပတ်ထွက်၏။

"ဝပါတယ်။ တွေးမိတာရှိလို့"

"ပြောပြ"

"အဟင်း၊ ဒီတိုင်းမရဘူး"

"မပြော နေလေ"

"အဲ ... ပြောမယ်"

"ရဲရင့်က စာမေးပွဲဖြေဖို့မလွယ်ရင် သုတလည်း ဖြေမှာမဟုတ်ဘူး"

"အဲဒီတော့ ဘာဆက်ဖြစ်တာပေါ့"

"ဟမ်၊ မနောက်နဲ့။ အဲဒီတော့ သူ့ကြောင့် စာမေးပွဲမဖြေဖြစ်တဲ့ ခေသုတကို ညီရဲရင့်က တစ်ဘဝလုံးတာဝန်ယူတော့ပဲ။ ဟာဟ"

Zippy Amor (Lively Friendship)Where stories live. Discover now