Part (20)

731 51 2
                                    

ချစ်ရသူရဲ့ဥပေက္ခာတွေကြောင့် အချစ်ဆိုတာ နှလုံးသားကိုလောင်တဲ့ငရဲမီး။

အခန်းထဲနေပြီး ထိုင်မရ၊ ထမရ၊ အိပ်လို့လည်းမရ။ အတူသွားလာလည်ပတ်နေကျ ခေသုတက တိမ်ယံနဲ့နှစ်ယောက်တည်းထွက်သွားတာ အခုဆို လေးဆယ့်ငါးမိနစ်။ ဒီအချိန်လေးကိုပဲ ညီရဲရင့်တို့ ကမ္ဘာအသင်္ချေတွေမကကြာနေသလို သည်းမခံနိုင်ဖြစ်ရသည်။ အငြိမ်မနေနိုင်၍ လိုင်းဖွင့်လိုက်ခါမှ

*** Our Day Out ***

Post တင်တာကအစအဆင်မပြေတဲ့ တိမ်ယံဆိုတဲ့ချာတိတ်ကြောင့် ရဲရင့်ပိုစိတ်ညစ်သွားရသည်။ သူကိုယ်တိုင်ကနောက်ပြန်လှည့်ပြီး သူ့နောက်ကသုတကိုပါပါအောင် Selfie ဆွဲထားခြင်း။ ထူးမြတ်ရဲ့ Comment ကိုတောင် စိတ်လိုလက်ရ Reply ပြန်လိုက်တာကို မြင်လိုက်ရပါသေးသည်။ Just now ဆိုပြီးတက်လာတဲ့ Comment တွေကိုဖတ်ချင်စိတ်လည်း မရှိတော့ပါ။ ပြန်ထွက်လာလိုက်တော့ ထူးမြတ်ဆီကစာဝင်လာသည်။

📨 "မင်းက ဘယ်ချောင်ကပ်နေလို့ မပါသွားတာလဲ?"

ငိုချင်လျက်လက်တို့ဖြစ်နေသော ရဲရင့်တစ်ယောက် ဖုန်းကိုပါကိုင်ပေါက်ချင်လာပါပြီ။

📨 "ငါက မင်းခုတင်ပေါ်မှာလေ"

      "မကြောက်မလန့်"

      "မင်းသာ ခုတင်အောက်ကထွက်လာခဲ့စမ်းပါ"

      "ငါက အကောင်းမေးနေတာလေ။ ဟိုမှာပြုံးပျော်နေတာပဲ"

      "အဲဒီတော့?"

      "ငါအတည်မေးမယ်၊ မှန်မှန်ဖြေ။ မင်း သုတကိုဖွင့်ပြောလိုက်ပြီလား?"

      "ဘာရယ်?"

ထူးမြတ်က ဘယ်လိုလုပ်ပြီးသိသွားတာလဲ?
တွေးနေတုန်းမှာပဲ Ringtone သံထွက်လာလို့ကြည့်မိတော့ ထူးမြတ်က Voice call ခေါ်နေခြင်း။

"ဘာလဲ?"

"ငါမေးတာဖြေလေ။ ဟုတ်တယ်မလား? မင်းတို့ အခုရက်ပိုင်း အရမ်းကိုအမူအရာပျက်နေတာ"

အဲဒီလောက်တောင် သိသာနေတာလား? အရမ်းရင်းနှီးတဲ့သူငယ်ချင်းမို့ ရိပ်မိသွားတာဖြစ်နိုင်ပါသည်။

Zippy Amor (Lively Friendship)Where stories live. Discover now