Real World - 4

6.1K 833 42
                                    


Zawgyi

လီရုန် ရှကောဖေးကို တအံ့တသြနဲ့စိုက်ကြည့်လိုက်ပြီး..

"ခင်ဗျား..ပြောတာ ဘာအဓိပ္ပါယ်လဲ?!"

"ကိုယ်မသိဘူး။ဒါပေမယ့် ရုန်အာကိုကိုယ်သိတယ်လို့ခံစားနေရတယ်။ရုန်အာနဲ့ကိုယ်အရမ်းရင်းနှီးတယ်လို့ ကိုယ့်နှလုံးသားကကိုယ့်ကိုပြောနေတယ်..။ရုန်အာနဲ့ဘယ်မှာတွေ့ဖူးသလဲကိုယ်မသိပေမယ့် ကိုယ်..တကယ်ကိုရုန်အာရဲ့အငွေ့အသက်တွေကိုရင်းနှီးနေတယ်!"

"...."

"ကိုယ်ပြောတာ အဓိပ္ပါယ်ရှိချင်မှရှိလိမ့်မယ်..ဒါပေမယ့်ကိုယ်အပိုစကာတွေပြောတာမဟုတ်ပါဘူး!"

ရှကောဖေးက လီရုန်တိတ်ဆိတ်နေတာကြောင့် သူပြောတာကို ပေါက်ကရပြောတယ်ထင်မှာစိုးတာကြောင့် ပြောလိုက်တယ်။အမှန်ကလီရုန်ကတွေးနေတာ...။

ဒါဆို သူ့ချစ်သူက ရှကောဖေးဆိုတာသေချာသွားပြီပေါ့..။တကယ်ပဲ ကမ္ဘာတစ်ခုပြီးတိုင်း သူ့နောက်ကိုလိုက်နေတဲ့သူ့ချစ်သူက ရှကောဖေးရဲ့ဝိညာဉ်များလား..။ကြည့်ရတာ ရှကောဖေးရဲ့ဝိညာဉ်ကလွင့်ထွက်သွားပြီး Systemကမ္ဘာတွေထဲကိုလမ်းမှားရောက်လာတာများလား?..။မသိတော့ဘူးကွာ။ဒါပေမယ့် ရှကောဖေးကသူ့ချစ်သူဆိုတာ လုံးဝသေချာတယ်..။..

နောက်ပြီး သူဝင်ထားတဲ့ခန္ဓာကိုယ်ပိုင်ရှင်တွေကိုချစ်တာမဟုတ်ပဲ မိမိကိုချစ်တာဆိုတော့ အရမ်းကြည်နူးပျော်ရွှင်မိတယ်။လီရုန်ဟာ သူ့ကိုမျှော်လင့်ချက်တွေပြည့်နေတဲ့မျက်ဝန်းနဲ့ကြည့်နေတဲ့ ရှကောဖေးကိုကြည့်လိုက်ပြီး ပြုံးလိုက်တယ်။ထိုနောက် ဘေးနားမှာနီးကပ်စွာရပ်လိုက်ပြီး ခါးကိုအနည်းငယ်ကိုင်းကာ..ပြောလိုက်တယ်..။

"ကျွန်တော် ခင်ဗျားပြောတာယုံပါတယ်..။နေဦး ကျွန်တော်လဲခင်ဗျားကိုပြောမယ် ။အမှန်ကလေ ခင်ဗျားကကျွန်တော်ရှာနေတဲ့ကျွန်တော့်ချစ်သူနဲ့အရမ်းတူတယ်!"

"...."

ရှကောဖေးက လီရုန်ဘာပြောမှာလည်းနားထောင်နေရင်း နောက်ဆုံးလီရုန်ပြောလာတဲ့စကားကြောင့် လီရုန်ကိုမော့ကာကြည့်လိုက်တယ်။လီရုန်ပြောတာဘာအဓိပ္ပါယ်လဲ?နေဦး လီရုန်မှာချစ်သူရှိတာလား!လီရုန်ကသူ့အပိုင်လေ။တစ်ခြားလူတစ်ယောက်ကိုမပေးနိုင်ဘူး..လုံးဝပဲ။

System Ah li( Real world) Where stories live. Discover now