Real World - 5

5.7K 799 37
                                    

[+အနည်းငယ်ပါမည်]

Zawgyi

ညဘက်ကြီး ရှကျန်းဝေ့နဲ့ရှလုန်စစ်တို့ဟာ ကမန်းကတန်းဆေးရုံသို့ရောက်ချလာကြသည်..။ဆေးရုံမှ ရှကောဖေးသေဆုံးသွားပြီဆိုတဲ့သတင်းကြောင့်ပဲဖြစ်တယ်။သူတို့ဟာသိနှင့်ပြီးဖြစ်ပေမယ့် ဝမ်းနည်းပူဆွေးနေတဲ့ဦးလေးနဲ့ညီအဖြစ်သရုပ်ဆောင်ရဦးမှာဖြစ်တာကြောင့် အပြေးလွှားရောက်လာကြတယ်။သူတို့နှစ်ယောက်နဲ့အတူ သတင်းထောက်တွေပါအတူအနောက်ကပါလာကြတယ်။သူတို့ကလည်း ရှမိသားစုကိုစောင့်ကြည့်နေကြတာကြောင့် ရှကောဖေးဆုံးပြီဆိုတဲ့သတင်းကြားကြသည်နှင့် ကင်မရာများကိုင်ကာ ရောက်လာကြခြင်းပဲဖြစ်တယ်။

ရှကျန်းဝေ့နဲ့ရှလုန်စစ်ဟာ ကုတင်ပေါ်မှာပိတ်စအဖြူနဲ့အုပ်ထားတဲ့အလောင်းကိုကြည့်ကာ ဘေးနားကဆရာဝန်ကိုကြည့်လိုက်တယ်။ရှကျန်းဝေ့ကသရုပ်ဆောင်အလွန်ကောင်းသည်။သူ့မျက်နှာကဖြူဖျော့နေကာ တူဖြစ်သူအတွက် အလွန်ပင်သွေးပျက်ဝမ်းနည်းပူဆွေးနေတဲ့ပုံစံပေါက်သည်။

"ဆ-ဆရာ ဒါက ကျွန်တော့တူကောဖေးလား!"

ရှကျန်းဝေ့ရဲ့တုန်ရီနေတဲ့အသံနဲ့အတူ မယုံကြည်နိုင်စွာမေးမြန်းလာတဲ့မျက်နှာကြောင့် ဆရာဝန်က စိတ်မကောင်းစွာခေါင်းညိတ်လိုက်တယ်။

"မဖြစ်နိုင်ဘူး...ကျွန်တော့်တူကဘာလို့သေရတာလဲ!!!ကျွန်တော်အမြဲလာကြည့်ရှုနေတာပါ ဆိုးဝါးတဲ့ဘာလက္ခဏာမှမပြပါဘူး!"

"လူနာကရုတ်တရက်ကြီး Shockဖြစ်သွားတာပါ ။ ကျွန်တော်တို့အရေးပေါ်ကုသရေးအမြန်အဆန်လုပ်ကြပေမယ့် နောက်ကျသွားပါတယ်. လူနာကနှလုံးရပ်တန့်ပြီးသေဆုံးသွားခဲ့ပါတယ်. စိတ်မကောင်းပါဘူး"

"ကောဖေး!!ငါ့တူလေးး..အဖြစ်ဆိုးလှချည်လားကွာ!!ငါ့တူမရှိရင် ရှမိသားစုရဲ့အမွေကိုဘယ်သူကဆက်ခံမှာလဲ!!ဦးလေးက တူလေးပြန်နိုးထလာမှာကို အမြဲစောင့်မျှော်နေရတာလေ..!!"

ရှကျန်းဝေ့က မျက်ရည်အတုများညစ်ထုတ်ကာ ဝမ်းနည်းပန်းကြီးအော်ဟစ်ပြောဆိုလေတယ်။သူဟာသတင်းထောက်တွေရှေ့မှာ အပီအပြင်သရုပ်ဆောင်လေတယ်။တကယ်လို့ သူ့အပေါ်စိတ်မကောင်းဖြစ်သွားကြပြီး တူအပေါ်အလွန်တရာချစ်နှစ်သက်တဲ့ပုံပေါ်မှ သူ့အတွက်ကောင်းတဲ့သတင်းတွေပဲထွက်မှာဖြစ်တယ်။ရှကျန်းဝေ့ပုံစံဟာအလွန်ပင် တူဖြစ်သူအတွက် စိတ်မကောင်းဝမ်းနည်းနေပုံပေါက်နေကာ သတင်းထောက်တွေကလည်း သနားသွားကြသည်။

System Ah li( Real world) Where stories live. Discover now