Zawgyi*ဒိုင်း*!ဆိုသောသေနတ်ပစ်သံကကျယ်လောင်စွာထွက်ပေါ်လာကာ လီရုန်တစ်ယောက် သူတော့သွားပြီလို့တွေးလိုက်ပေမယ့် သူ့ခန္ဓာကိုယ်မှာနာကျင်မှုတစ်စုံတစ်ရာမှမခံစားရသလို ထွက်ပေါ်လာတဲ့တဲ့လီမင်ရဲ့နာကျင်စွာအော်သံကြောင့် မျက်လုံးဖွင့်ကြည့်လိုက်သည် ။
မြင်လိုက်ရတာက သေနတ်ကအဝေးမှာကျနေပြီး လီမင်ဟာသူ့ရဲ့ွေးများစီးကျနေတဲ့လက်ဖဝါးကိုကိုင်ကာ အော်ဟစ်နေသည်။လီရုန်ကဘာဖြစ်သွားတာလဲဆိုပြီး အံ့သြမိနေစဉ် "ကလေး!"ဆိုတဲ့သူ့ချစ်သူရဲ့စိုးရိမ်တကြီးခေါ်သံနဲ့အတူ သူ့ရဲ့နောက်ကျောပြက်ဟာနွေးထွေးလို့သွားသည် ။လီရုန်လှည့်ကြည့်လိုက်တော့ သူ့ချစ်သူက သူ့ကိုညှင်သာစွာပြုံးပြနေသည်ကိုမြင်လိုက်ရသည် ။နှုတ်ခမ်းကပြုံးနေပေမယ့် သူ့ချစ်သူရဲ့မျက်ဝန်းတစ်စုံက စိုးရိမ်ကြောင့်ကျမှုတွေကိုမြင်နေရပြီး ၊သူ့ကိုထိတွေ့နေတဲ့လက်တစ်စုံဟာလည်း တုန်ရင်နေသည်ကိုခံစားရသည် ။
လီရုန် သူ့ကိုယ်သူသာရိုက်ပစ်လိုက်ချင်သည်။သူ့ချစ်သူ သောက်ရမ်းစိတ်ပူနေမှာကိုမထည့်တွက်ပဲ လုပ်ချင်တာကိုလုပ်နေတာပဲ ။
လီရုန်က စိတ်မကောင်းဖြစ်သွားပြီး သူ့ချစ်သူရဲ့မျက်နှာကိုလက်ကလေးနဲ့ထိတွေ့လိုက်ကာ..
"ကျွန်တော်ဘာမှမဖြစ်ပါဘူး..ခင်ဗျားကိုစိတ်ပူစေမိပြီ..တောင်းပန်ပါတယ်.."
"ဟင့်အင်း ကလေးအဆင်ပြေရင်ပြီးတာပဲ !!"
"ဒါနဲ့ လီမင်ကိုခင်ဗျားပစ်လိုက်တာလား?နောက်ပြီး ဒီကိုဘယ်လိုသိပြီးရောက်လာတာလဲ?"
လီရုန်ကမေးလိုက်ပေမယ့် ရှကောဖေးလက်ထဲမှာ ဘာသေနတ်မှမတွေ့ချေ ။ရှကောဖေးက လီရုန်ကိုထူပေးရင်း..
"အဲ့ဒါ မင်းနောက်ကို ကိုယ့်ရဲ့လူတစ်ယောက်ကိုနောက်ယောင်ခံလိုက်ခိုင်းထားလို့ မင်းဘယ်မှာလည်းဆိုတာ ကိုယ်သိပြီးလိုက်လာတာ..အဲ့ခွေးကောင်ကိုပစ်တာလဲကိုယ်မဟုတ်ဘူး...""အဲ့ဒါ ငါ...ရဲ့ကိုကိုပစ်လိုက်တာ!ကောင်စုတ်ရဲ့.."
ထွက်ပေါ်လာတဲ့ လျိုချင်းဟောင်အသံကြောင့် လီရုန်က ရှကောဖေး ရဲ့နောက်ကို ကိုယ်လေးစောင်းကာလှမ်းကြည့်လိုက်တယ် ။လျိုချင်းဟောင်က သူ့ချစ်သူကုန်းရွဲ့ဟန်ရဲ့ကိုယ်ကိုမှီကာရပ်နေသည်ကိုတွေ့လိုက်သည် ။