Real World - 8

4.6K 705 12
                                    

Zawgyi

ရှစံအိမ်တော်တွင် အထိန်းတော်ကြီးဟာ စံအိမ်တော်ကိုကြည့်ကာ ဝမ်းနည်းလို့နေသည် ။ဒီနေ့ သခင်လေးကောဖေးရဲ့ အသုဘကိုသူမတက်ရောက်နိုင်တဲ့အတွက် သူ့ကိုသူဒေါသထွက်နေမိသည် ။ရှကျန်းဝေ့တို့သားအဖ မကောင်းတာသိပေမယ့်လည်း ဘာမှမလုပ်နိုင်တဲ့ သူ့ကိုသူ စိတ်ပျက်မိတယ် ။

ထိုအချိန်မှာပဲ အလုပ်သမားတစ်ယောက်ကသူ့ဆီကိုအပြေးအလွှားရောက်လာတယ် ။

"အထိန်းတော်ကြီး !!ခြံရှေ့မှာ ခြံရှေမှာ..."

"ဘာလဲ!စကားကိုသေချာပြောစမ်း!"

"သခင်လေးရှက ခြံရှေ့မှာ!!!"

"ရှကျန်းဝေ့တို့သားအဖလား သူတို့လာတာဘာဆန်းလို့လဲ!ဟင် ပြန်လာပြီဆိုတော့ အသုဘလုပ်ပြီးသွားတာလား?"

"မဟုတ်ဘူး သူတို့မဟုတ်ဘူး!!!သခင်လေးရှကောဖေးကိုပြောတာ!!"

"ဘာ-သခင်လေးကောဖေး!ဟုတ်လား!မင်းငါ့ကိုလာနောက်နေတာလား!!"

"ကျွန်တော်က နောက်ရဲမလားဗျ!တကယ်ပြောတာ အခုခြံရှေ့မှာရောက်နေတယ်!!"

အထိန်းတော်ကြီးလည်း ထိုအလုပ်သမားရဲ့စကားအဆုံး ခြံဂိတ်ပေါက်သို့အပြေးသွားလိုက်သည် ။အလုပ်သမားကောင်လေးပြောတာမှန်သည် ။သခင်လေးကောဖေးက ကားထဲမှာရှိနေပြီး သူ့ကိုမြင်တော့ လက်ပြလာသည်။

အထိန်းတော်ကြီး အလွန်အံ့သြသွားသလို အလုပ်သမားကိုလည်းအော်လိုက်သည် ။

"မင်းဘာလို့ခြံတံခါးမဖွင့်ပေးတာလဲ!!သခင်လေးကို အပြင်မှာနေခိုင်စေချင်လို့လား !!!"

"တောင်းပန်ပါတယ် ကျွန်တော်လည်း သခင်လေးကောဖေးကိုရုတ်တရက်ကြီးမြင်လိုက်ရတော့ လန့်ပြီး ပြေးလာမိတာ.."

"သွား..အခုချက်ချင်းခြံတံခါးသွားဖွင့်လိုက်!!"

"ဟုတ် ဟုတ်ကဲ့ပါ အထိန်းတော်ကြီး!!"
'ဘာလို့ငါကအငေါက်ခံရတာလဲ!သခင်လေးကောဖေး သေပြီဆိုပြီး သတင်းတောင်တက်လာလို့ အသုဘအခမ်းအနားတောင်လုပ်ပေးနေကြတာလေ အဲ့အချိန်မှာ ရုတ်တရက် သခင်လေးကောဖေးကိုမြင်လိုက်ရတာ ဘယ်သူကမလန့်ဖြန့်ပဲနေမှာလဲ!!ငါလန့်တာ မှားလားလို့!!'

System Ah li( Real world) Where stories live. Discover now