Ep 2

876 126 7
                                    

Uni

ရန်ပုံငွေပွဲ ဖျော်ဖြေရမဲ့မနက်..... ။

အစည်းအဝေးလုပ်နေကြ ကျောင်းကခန်းမထဲကျွန်တော်တို့ပြင်ဆင်နေကြတုန်း တံခါးလေးဖွင့်လို့ ဝင်လာတဲ့ အဖြူရောင်ပုံရိပ်လေး......။

ကလေးငယ်ဟာ အဖြူရောင်ဝမ်းဆက်လေးနဲ့ သိပ်ကို လှပနေခဲ့တယ်.....။နောက်ပီး ကျွန်တော့်ကိုမြင်တော့ ရှက်ပြုံးလေးနဲ့ သူနူတ်ဆက်တယ်.....။

Hobi -jimin လာပီးလား အာ ဘာမှမလိမ်းထားဘူးလား

Jimin -ဟင် ကျွန်တော်က ဘာလိမ်းရမှာလဲ

Hobi -ဟီး နည်းနည်း မိန်းကလေးဆန်စေချင်လို့

Jimin -ဗျာ

Hobi -ဟို မလာဖြစ်တာက ကောင်မလေးလေ အဲ့ဒါ jimin ကို သူ့နေရာအစားထိုးရတာဆိုတော့.... ဟီး

Jimin -ဟာ ကျွန်တော်ကမိန်းကလေးမှမဟုတ်တာပဲကို

Hobi -ခဏလေးပါပဲ ခဏလေးပဲနော် ဒီတစ်ပွဲထဲမှာ Couple dance မို့လို့ ကျေးဇူးပြုပီး

Jimin -အစကတော့ မပြောဘူးဗျာ ပီးရော ပီးရော

ဆူပုတ်ပုတ်နှင့် Hobi နောက်လိုက်ဝင်သွားတဲ့ကလေးငယ်ကိုကျွန်တော် သဘောတကျလိုက်ငေးကြည့်နေမိတာ လူမိတဲ့အထိ......။

Joon -ဟိတ်ကောင် မနေ့ထဲကနော် မင်းအကြည့်တွေက ဟင်းဟင်း

Jin -ဘာလဲကွာ ဒီတိုင်းချစ်စရာလေးမို့ကြည့်တာပါ

Jk& မထင်ပါဘူးနော် ချစ်ဖို့ကောင်းတိုင်းကြည့်ရအောင် သူက ကလေးလဲမဟုတ်

Jin -တော်ကြပါတော့ အလုပ်လုပ်ကြပါ ခဏနေ ပွဲစတော့မှာကို အမြန်လုပ်

တအောင့်အကြာ  ဂါဝန်တိုလေးဝတ်ပီး ဒေါက်ဖိနပ်ပါးပါးလေးနဲ့ အဝတ်လဲခန်းက ထွက်လာတဲ့ကလေးငယ်......။နူတ်ခမ်းနီပါးပါးလေးဆိုးရုံ မိတ်ကပ်ပါးပါးလေး လိမ်းထားရုံနဲ့ ကော်ပတ်ရုပ်လေးတစ်ရုပ်လို လှပနေပါသော ကလေးငယ်......။ ကျွန်တော် ဘယ်လောက်ကြည့်မိသွားတယ်မသိ..... ကလေးငယ်မနေတတ်မထိုင်တတ်ဖြစ်ကာ ဟိုကုပ်ဒီကုပ်လုပ်နေမှ သတိပြန်ဝင်လာမိတဲ့အထိ......။

Jimin -ဟို ဟို ထူးဆန်းနေလို့လားဟင်

Jin -ဟင့်အင်း အရမ်းလှလို့

First and Last love(jinmin)CompletedWhere stories live. Discover now