Ep 8

643 87 1
                                    

Uni

Dad- Kim seok jin!

Jin -ဘာလဲ

Dad -မင်း မင်းငါတို့မိသားစုကိုအရှက်ခွဲဖို့ကြိုးစားနေပြန်ပီလား

Jin- ဟက် ကျွန်တော်က ခင်ဗျားတို့မိသားစုကသားအရင်းမို့လို့လား......

Dad -သားအရင်းမဟုတ်ပေမဲ့ ငါကမင်းကိုသားအရင်းလိုစောင့်ရှောက်ခဲ့တာလေ

Jin- တော်စမ်းပါဗျာ!  အမေ့ဆီက အမွှေတွေကိုမက်ပီး မြူဆွယ်ပီးလက်ထပ် အမေဆုံးသွားတာနဲ့ ကျွန်တော့်ကိုလိုချင်တဲ့ပုံစံခွက်ထဲ အတင်းသွင်းထည့်......တစ်ခုလောက်တော့အမှန်သိချင်တယ် ခင်ဗျားသားအရင်းသာဆို အခုလိုတွေလုပ်မလားဆိုတာလေ....

Dad- Kim Seokjin ငါ့စေတနာတွေကို မစော်ကားနဲ့

Jin- စော်ကားတယ်! စော်ကားတယ်ဆိုတာ စေတနာအမှန်ကိုစော်ကားမှ မစော်ကားသင့်တာ ခင်ဗျားဟာကအစစ်အမှန်မှမဟုတ်ပဲ ကျွန်တော်စော်ကားတာဘာဖြစ်လဲ....

Dad -မင်း လုပ်ချင်တာတွေဘယ်ချိန်ထိ လုပ်နေဦးမာလဲ ဟင် တောက်

Jin- လုပ်ချင်တာလုပ်တယ်! လုပ်ချင်တာလုပ်တယ်ဟုတ်လား.... ဟားဟား ကျောင်းတောင် ကိုယ်တတ်ချင်တဲ့အနုပညာကျောင်းတတ်တာတောင် အမြဲဆူနေတဲ့လူက...... ကျောင်းဆက်မတတ်ပဲ စီးပွားရေးတွေကိုပဲအတင်းကူညီခိုင်းခဲ့တဲ့လူက သဘောမကျပါဘူးဆိုတာကို မြို့နယ်မှူးသမီးနဲ့အတင်းစီစဥ်ခဲ့တဲ့လူက ဒီစကားပြောလို့ရလို့လား ဟင်

Dad -မင်း အခု ဘာမဟုတ်တဲ့ကောင်ကြောင့် အနှစ် ၂၀နီးနီးအတူရှိနေခဲ့တဲ့အဖေကို ပြန်ပြောနေတာလား ငါကပထွေးဆိုပေမဲ့ အနည်းဆုံးတော့ မင်းကိုပြုစုစောင့်ရှောက်ခဲ့ရတဲ့လူပါကွ တောက် မင်းမို့လို့ မင်းမို့လို့ အရှက်မရှိ နယ်တကာလှည့်ပီး ယောက်ျားလေးတန်မဲ့ အကမယ်လိုလုပ်နေတဲ့ကောင်ကိုကြိုက်တယ်.....ငါတို့မိသားစုဘယ်လောက်အရှက်ရလဲသိလား

Jin -စောင့်ရှောက်ပေးခဲ့တာကိုကျေးဇူးတင်ပေမဲ့ လက်လွှတ်စပယ်မပြောပါနဲ့ ခုနကပြောလိုက်တဲ့စကားကိုရုပ်သိမ်းပေးပါ.

Dad -ဘာ!

Jin -ကျွန်တော့်အတွက်တန်ဖိုးအရမ်းကြီးတဲ့လူမို့လို့ပါ......ဟိုးအရင်ထဲက ဘယ်လိုမေ့ပစ်မေ့ပစ် မေ့လို့မရနိုင်တဲ့ အဖိုးတန်လူတစ်ယောက်မို့ပါ....ကျွန်တော်ပိုင်ဆိုင်သမျှအရာရာအကုန်စွန့်ပစ်လိုက်ရရင်တောင် ဘေးနားမှာအတူရှိနေစေချင်တဲ့လူတစ်ယောက်မို့ပါ အဲ့လောက်ထိ အဲ့လောက်ထိ တန်ဖိူးကြီးတဲ့လူမို့ နောက်တစ်ခါ လက်လွှတ်စပယ်ပြောလာရင် သည်းခံနေမှာမဟုတ်ပါဘူး....

First and Last love(jinmin)CompletedWhere stories live. Discover now