Ep 3

802 108 11
                                    

Uni

ဒီနေ့ seokjin တို့အဖွဲ့ ဂေဟာက ကလေးများအား ကြည့်ပေးရမည့်အလှည့်ဖြစ်သည်။ ကျောင်းသားများဖြစ်တာကြောင့် အကူအညီတောင်းထား၍ ကြည့်ပေးမဲ့ ဆရာမများရှိသော်လည်း ပိတ်ရက်များတွင်တော့ seokjin တို့သာ စောင့်ရှောက်ပေးလေသည်....။

Seokjin တို့ ၆ယောက်လုံးဂေဟာလေးသို့ ရောက်လာကြပီဖြစ်သော်လည်း ကလေးငယ်မှာရောက်မလာသေး...။

Joon- seokjin မင်းဟာလေး နောက်ကျလိုက်တာ

Jin- ဟာ ဘာ ဘာကိုငါ့ဟာလေးလဲ

Jk -မဟုတ်လို့လား အဲ့ကောင်လေးလာရင်ငါတို့ကိုတောင်မေ့နေပီး

Tae- ဟိုမှာ လာပီ

Taehyung အသံကြောင့်လှည့်ကြည့်လိုက်တော့ ပြုံးပြုံးလေးနှင့် သူတိူ့နားလျှောက်လာသောကလေးငယ်ကိုမြင်ရလေသည်... ။ချည်သားဝမ်းဆက်လေးကို ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားသော ကလေးငယ်သည် တကယ့်ကိုပိစိလေးနှင့်ချစ်စရာကောင်းလှသည်.....။

Jimin- ဟို နေရာသေချာမသိလို့ နောက်ကျသွားတာ တောင်းပန်ပါတယ်

Jin -မဟုတ်တာ ရပါတယ်

Yoongi -လူစုံပီဆို လုပ်ငန်းစလိုက်ကြရအောင်

Hobi- တာဝန်ခွဲမယ် ဒီနေ့ဟင်းဘယ်သူချက်မလဲ

Yoongi- ဟင်းက ငါနဲ့ Jungkook နဲ့ချက်မယ်

Joon -ဒါဆို ငါနဲ့ Taehyung က အိမ်သာတွေနဲ့ ရေချိုးခန်းတွေဆေးလိုက်မယ်

Hobi -အဲ့ဒါဆို ငါနဲ့ seokjin က အဝတ်တွေနဲ့စောင်တွေလျှော်လိုက်မယ် jimin က အိပ်ယာတွေသိမ်းပေးပီး ကလေးတွေနဲ့ဆော့နေလို့ရတယ်မလား

Jimin- ဟုတ်ရပါတယ်

Jk -မရဘူးလေ

Hobi -ဟမ်

Tae- မင်းကလဲ jimin ကအခုမှရောက်တာကို ကလေးတွေနဲ့မခင်သေးဘူးလေကွာ အိပ်ယာတွေမင်းပဲသွားသိမ်း ကလေးတွေကိုလဲမင်းပဲကြည့်

Joon- jimin ကို Seokjin နဲ့အဝတ်လျှော်ခိုင်းလိုက်

Hobi -အမ်

အူတူတူလုပ်နေသော hobiလက်ကို ဆွဲကာ Taehyung အိပ်ခန်းလေးသို့ခေါ်သွားလေသည်....။(အိပ်ယာသိမ်းဖို့ပါနော် 😂)

First and Last love(jinmin)CompletedWhere stories live. Discover now