Ep 5

711 89 14
                                    

Uni

ကျွန်တော်က ကလေးကိုချစ်ဖို့ မွေးဖွားလာခဲ့တာပါ.........ကောင်းကင်ကနေ ကလေးကိုချစ်ဖို့စေခိုင်းလိုက်ခြင်းခံရတဲ့လူတစ်ယောက်လိုပဲ ကလေးကိုမချစ်ဖို့ ကျွန်တော့်ကိုယ်ကျွန်တော်တောင်မတားခဲ့နိုင်ပါဘူး......။

အချစ်ဆိုတာက.....နွံနဲ့အတူတူပါပဲ....။တစ်ကြိမ်လောက်ချစ်မိသွားတာနဲ့ ပြန်ရုန်းထွက်လို့မရတော့အောင် ဆွဲယူသွားပါတယ်.....။

*****************************
Jimin -အစ်ကို

Jin -ဟင်

Jimin -ဘာတွေအဲ့လောက်တောင်တွေးနေရတာလဲ

Jin -အာညီး ဘာမှမတွေးပါဘူး

Jimin -ကျောင်းတောင်ပိတ်တော့မယ်နော်

Jin -omm

Jimin -ကျောင်းပိတ်လဲ ကျွန်တော် အစ်ကိုနဲ့တွေ့လို့ရတယ်မလား...

Jin- ဟင် ရ ရတာပေါ့ မဟုတ်တောင် ကိုယ်လဲမင်းကို

*ပြောတာတောင် ရှေ့ဆက်တိုးရင် ငါမင်းနဲ့မရှင်းဘူး အဲ့ကောင်လေးကို ထိခိုက်အောင်လုပ်မိလိမ့်မယ်.. *

Jimin- ဘာဖြစ်လဲဟင် ဆက်ပြောလေ

မျှော်လင့်ချက်တစိချို့နှင့်စောင့်ဆိုင်းနေသော ကလေးမျက်ဝန်းလေးတို့သည် သိပ်ကိုလှပခဲ့သည်.....။ ကလေးမျက်နှာနုနုလေးကိုထိတွေ့ကာ ကိုယ်လဲမင်းကိုအမြဲမြင်ချင်နေတာ တွေ့ချင်နေတာ သတိရနေမိမှာဆိုသော စကားလူံးများကို အထပ်ထပ်အခါခါ ပြောပြချင်ခဲ့သော်လည်း နားထဲတွင် စကားလူံးအချို့တို့ကိုပြန်ကြားလာမိသည်မို့ ရပ်တန့်ပစ်မိခဲ့သည်.....။

Jin -ကိုယ်လဲ အားနေတာပဲ လို့ပြောမလို့ပါ

Jimin -ဪ

Jin -အွန်း

Jimin -ကျွန်တော် ကျွန်တော် ပြန်တော့မယ်နော် အစ်ကို

Jin -အွန်း ဂရုစိုက်ပြန်

မျက်ရည်လေးတွေ ဝေ့တတ်နေသော ကလေးငယ်ကို မငိုမိစေရန် ရင်ခွင်လေးထဲထည့်ပီး ထွေးပွေ့ထားချင်ခဲ့သော်လည်း လက်တွေ့တွင်မူ ကျောခိူင်းပစ်ခဲ့မိသည်.....။တကယ်ဆို ကိုယ်ဟာ အသုံးမကျပဲ စွန့်လွှတ်ခြင်းကိုသာ ရွေးမိခဲ့တဲ့ ခပ်ညံ့ညံ့လူတစ်ယောက်သာသာပါ ကလေးငယ်......။ ရသလောက်အချိန်လေးတစ်ခဏမှာတော့ ကလေးငယ်အနားကိုယ်တွယ်ကပ်ပီးနေပါရစေ.....။

First and Last love(jinmin)CompletedWhere stories live. Discover now