Ep 6

686 93 3
                                    

Uni

၁၉၅၀ ဇွန်လ ၂၅ရက်.....

ဂျပန်နိုင်ငံကို ကလေးထွက်သွားပီး ၁လအကြာမှာ တောင်နဲ့မြောက် ကိုရီယားစစ်ပွဲစတင်လာခဲ့ပါတယ်.....။ထူးထူးဆန်းဆန်း အဲ့နေ့က ကျွန်တော့်လက်ထပ်ပွဲမတိုင်ခင်တစ်ရက်ပါ.....။

မျဥ်းပြိုင် ၃၈စည်းလိုင်းကိုဖြတ်ပိီး ဝင်ရောက်တိုက်ခိုက်လာတဲ့မြောက်ဘက်ကြောင့် ကျွန်တော်တို့အကုန်ကမောက်ကမ ဖြစ်ကုန်ကြရပါတယ်....။

ဝမ်းသာစရာလား ဝမ်းနည်းစရာလား ကျွန်တော်မပြောတတ်ပေမဲ့ လက်ထပ်ပွဲပြတ်ခဲ့ရတာကိုတော့တကယ် ဝမ်းသာခဲ့ပါတယ်... ။ဝမ်းနည်းတာကတော့ ကလေးသတင်းလုံးဝကြားခွင့်မရှိတော့တာပါပဲ.....။

၁၉၅၃ ဇူလိုင်လ ၂၇ရက်နေ့ရောက်မှ အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုခဲ့ကြတာကြောင့် ကျွန်တော်တို့တွေ အရင်လို ပြန်ထူထူထောင်ထောင်ဖြစ်ခဲ့ကြရပါတယ်..... ။ကလေးသတင်းကတော့ အခုထိ မရရှိခဲ့သေးပါဘူး.....။

အရပ်သား ၂သန်းနီးပါး၊ကွန်မြူနစ်တပ်ဖွဲဝင် ၁သန်းခွဲ၊အမေရိကန်တပ်ဖွဲ့ဝင် ၃သိန်း ၊တောင်ကိုရီးယားတပ်ဖွဲဝင် ၄သိန်းနဲ့ ဗြိတိသျှစစ်သား အယောက် ၁၀၀၀လောက်သေဆုံးခဲ့တဲ့ ဒီစစ်ပွဲကြောင့် တစ်တိုင်းပြည်လုံးတကယ်အထိနာခဲ့ကြရပါတယ်.......။

၁၉၁၉ခုနှစ်ကစပီး ကျွန်တော်တို့ကို ကိုလိုနီကျွန်တွေလိုဆက်ဆံခဲ့ပီး ဒုတိယကမ္ဘာစစ်ပီးမှ လွတ်မြောက်ခွင့်ပေးခဲ့တဲ့ဂျပန်ပြည်ကိုရောက်နေတဲ့ကလေးငယ်အတွက်တော့ ကျွန်တော်တကယ်စိတ်ချရပါတယ်......။ကလေးကအမြဲ အဆင်ပြေနေမှာပါ......။

*************************************
ကိုရီးယားမှာ စစ်ပွဲဖြစ်နေတယ်ဆိုတဲ့သတင်းက ကျွန်တော့်ရင်ကိုမီးနဲ့ရိူ့လိုက်သလိုကိုခံစားရပါတယ်....။ အမေတစ်ခု သားတစ်ခုမို့ ကျွန်တော့်အမေကိုပါ ဒီကိုခေါ်လာနိုင်လို့စိတ်မပူရပေမဲ့ ကိုကို့အတွက် တကယ်စိတ်ပူခဲ့ပါတယ်.....။ အဆက်အသွယ်ရော သတင်းရော မကြားရလို့ ကျွန်တော့်မှာအရူးတစ်ယောက်လိုပါပဲ....။

စစ်ပွဲတွေအေးချမ်းသွားတဲ့ အချိန်တွေရောက်တာတောင် အဆက်အသွယ်လုပ်လို့ရတဲ့ကာလတွေရောက်တာတောင် ကိုကိုကျွန်တော့်ကို ဆက်သွယ်ခဲ့ခြင်းမရှိပါဘူး...... ။ ကျွန်တော်ဘယ်လောက်လွမ်းလွမ်း ကျွန်တော်ဘယ်လောက်သတိရရ ကျွန်တော်ကိုကို့ကို ပြေးတွေ့လို့တောင်မရခဲ့ပါဘူး......။

First and Last love(jinmin)CompletedWhere stories live. Discover now