part 11(z+u)

2.5K 305 15
                                    

" ဆရာလေးရှိလား "

စကားသံဝဲဝဲနှင့် အသံသေးသေးလေးက ခြံဝိုင်းရှေ့မှ ထွက်ပေါ်လာသည်။ယနေ့ကျောင်းပိတ်ရက်ဖြစ်၍ ဒီဇင်ဘာသည် ​အိမ်ရှေ့ခုံတန်းလျားလေး၌ထိုင်ကာ လပတ်စာမေးပွဲအတွက် မေးခွန်းများထုတ်နေရင်း အသံလာရာသို မော့ကြည့်လိုက်၏။

" သြော် ရွှေလုံးနဲ့ရွှေဖုံတို့ပဲ လာလေ ဝင်လာခဲ့ "

ဒီဇင်ဘာက သူ့ပေါင်ပေါ်၌ တင်ထားသည့် စာရွက်များနှင့် စာအုပ်တစ်ချို့ကို ဘေးသို့ချကာ ပြုံးလျက်ပင်ခေါ်လိုက်သည်။ ထိုအခါ ထိုညီမနှစ်ယောက်သည် မျက်လုံးလေးများ ဝိုင်းလျက် ပလိုင်းလေးကို ကျစ်ကျစ်ပိုက်ကာ မဝံ့မရဲလေး ရပ်နေသည်။

" ဝင်လာလို့ရပါတယ် ဆရာ မုန့်ကျွေးမယ်လေ "


ဒီဇင်ဘာက ကြောက်ရွံ့ဟန်ပြနေသည့် ကလေးနှစ်ယောက်ကို သူအိပ်ငိုက်လျှင်စားရန် ဆောင်ထားတတ်သော ဘာလီအရသာချိုချဥ်သကြားလုံးကို မြှောက်ပြလိုက်သည်။ ထိုအခါ ၅နှစ်အရွယ် ရွှေဖုံလေးသည် မျက်လုံးဝိုင်းလေးတို့ တဖျက်ဖျက်လက်သွားကာ ဒီဇင်ဘာရှေ့သို့ အပြေးလာ၏။

" နန်းခမ်းနွဲ့ ! ! "


ရွှေလုံးက မုန့်မြင်သည်နှင့် တန်းနေအောင် ပြေးသွားသော သူ၏ညီမလေးကို တားမြစ်သည့် အသံဖြင့် ခေါ်လိုက်သည်။ သို့ပေမယ့် ရွှေဖုံလေးသည် သကြားလုံးကို တမြုပ်မြုပ်နှင့် အရသာခံနေ၏။

" ဝင်လာလေ ရွှေလုံး "


ဒီဇင်ဘာက ထပ်မံ၍ သကြားလုံးကို မြှောက်ပြကာ ခေါ်လိုက်သောအခါ ရွှေလုံးက မဝံ့မရဲဖြင့် အနားရောက်လာသည်။ သူမလေးက ဒီဇင်ဘာကမ်းပေးသော သကြားလုံးကို မယူဘဲ ကြောင်ကြည့်နေတာကြောင့် ဒီဇင်ဘာက ချိုချုဥ်ဟု ဆိုကာ အခွံဖောက်၍ ပါးစပ်နားတေ့ပေးလိုက်သည်။ ထိုအခါ ပါးစပ်လေးအသာဟ၍ သကြားလုံး၏အရသာကို အထူးအဆန်းသဖွယ် ခံစားနေ၏။ ရွှေလုံးက ချဥ်တင်တင်အရသာလေးကို တပြွတ်ပြွတ်စုပ်ကာ သဘောကျနေသည်။ သကြားကြောင့် လွယ်ထားသည့် ပလိုင်းလေးတွေကိုတောင် ညီမနှစ်ယောက်လုံးမေ့နေကြသည်။


အချစ်ဦး (အခ်စ္ဦး) (Completed )Where stories live. Discover now