နေ့လည် ၁၂နာရီတွင် သော်စစ်သည် ကျူရှင်ပြီး၍ မကြာသေးခင်က သူ့ဖေဖေဝယ်ပေးထားသော စက်ဘီးအသစ်စက်စက်လေးကို သွက်သွက်နင်းကာ အိမ်သို့ပြန်လာသည်။ အိမ်သို့ရောက်သော် သူ၏ စက်ဘီးကို ခြံဝိုင်းလေးထဲရှိ သရက်ပင်အောက်တွင် ရပ်ကာ လွယ်အိတ်ဆွဲလျက် အိမ်ထဲသို့ အပြေးဝင်သွား၏။
" မေမေရေ သားပြန်ရောက်ပြီ "
လွယ်အိတ်ကို တွေ့ရာ ခုံပေါ်သို့ ပစ်တင်ကာ သူ့မေမေရှိရာ မီးဖိုချောင်သို့ ဝင်သွားလိုက်သည်။
" မေမေ သားဗိုက်ဆာပြီ "
သော်စစ်က ကြက်သားအိုးမွှေနေသော သူ့မေမေဘေးတွင်ကပ်ရပ်၍ ခပ်တိုးတိုးလေးဆိုသည်။သူမက သားဖြစ်သူ၏ တိုတိုကပ်ကပ်ဆံပင်လေးတွေကို တစ်ချက်ဖွလိုက်ပြီး ပြန်ပြောလေသည်။
" အင်း ဟင်းကျက်ပြီ"
" မေမေခွံကျွေးနော် "
သော်စစ်စကားကြောင့် သူမက မျက်နှာလေးရှုံ့မဲ့ဟန်ဆောင်ကာ သူမသားရဲ့ ခေါင်းကို ညင်ညင်သာသာလေးပုတ်လိုက်၍
" ဟင်းချက်ရတာ မောနေပါတယ်ဆို ရှင်လေးကတော့ အမေကို ခိုင်းဖို့ပဲ "
သူမစကားကြောင့် သော်စစ်က ချစ်စဖွယ်ပြုံး၍ သူ့မေမေ၍ သနပ်ခါးများဖွေးနေသော ပါးပြင်ဖောင်းဖောင်းကြီးကို နှာခေါင်းနှစ်၍ ဖိနမ်းကာ ကျီစယ်ပြန်လေသည်။
" ရွှတ်....မေမေ အမောပြေသွားပြီမလား "
သိပ်လည်ပြီး ချွဲလွန်းတဲ့ သူမရဲ့ တစ်ဦးတည်းသော ရတနာလေး၏ ဤသို့သော အပြုအမူလေးတွေကြောင့် သူမဟာ တကယ်ပင် အမောပြေသွား၍ သဘောကျစွာရယ်မောလိုက်သည်။
" အမလေး....အပိုတွေပါအေ ။ သွား အိမ်ရှေ့မှာသွားစောင့်နေ မေမေပြီးရင် လိုက်လာခဲ့မယ် "
" အိမ်ထဲမှာ ပူတယ် မေမေရဲ့ သားခြံထဲက သရက်ပင်အောက်မှာဖျာခင်းထားလိုက်မယ် "
သူမက ခေါင်းတငြိမ့်ငြိမ့်လုပ်ပြီး ပြုံးနေသည်။ သော်စစ်သည် မိခင်ကို အလွန်ချစ်သောသားဖြစ်ပြီး သူ၏ မိဘတို့သည်လည်း တစ်ဦးတည်းရှိသည့် သားလေးကို အလွန်ပင်ချစ်မဝဖြစ်ကြသည်။ အလိုလိုက်ခံရပြီး လိုချင်တာရနေသော သူ့ဘဝက အရာရာပြည့်ပြည့်စုံစုံဖြစ်နေသည်။ သော်စစ်တို့မိသားစုက မချမ်းသာသော်လည်း အသင့်အတင့်တော့ ငွေကြေးရှိလှသည်။နာမည်သိပ်မရှိသော အင်္ကျီကုမ္မဏီတစ်ခုက မန်နေဂျာဖြစ်သည့် ဖခင်၏ လစာလေးနှင့် မိခင်၏ သုံးတတ်စုတတ်မှုတို့ကြောင့် သော်စစ်တို့ မိသားစု စားဝတ်နေရေးမှာ ပုံမှန်ပြေလည်ပါသည်။
ESTÁS LEYENDO
အချစ်ဦး (အခ်စ္ဦး) (Completed )
Romanceအချစ်ဦး သို့မဟုတ် ငယ်ချစ်ဦး အခ်စ္ဦး သို့မဟုတ် ငယ်ချစ်ဦး