Pt.eleven🍂

715 115 32
                                    

ငိုရတာမောသွားပြီထင် ရင်ခွင်ထဲ၌ အိပ်ပျော်သွားပြီဖြစ်သည့် သူ့ရဲ့ခလေးငယ်...

အိပ်ရာထက်၌ နေရာသေချာစွာချပေးပြီး သူလည်းတစ်ဖက်ကုတင်သို့သွားလိုက်သည်။ ခလေးငယ်ကိုအရင်ကလို ရင်ခွင်ထဲထားပြီး အတူအိပ်ပေးဖို့သူ့မှာ သတ္တိမရှိပေ။

မနက်ရောက်ရင် ခလေးငယ်ရဲ့မျက်နှာလေးကိုဘယ်လိုရင်ဆိုင်ရပါ့....







မနက်ခင်း 11:00လောက်ထိ ခလေးငယ်မနိုးလာသေး...
မနက်ဖြန်အတွက် ပြင်ဆင်စရာတွေကို အရင်နေ့တွေထဲက ပြင်ဆင်ထားလို့တော်ကာကျတယ်။

ကော်ဖီပူပူလေးတစ်ခွက်ကိုသောက်ရင်း ဒီခလေးငယ်ရဲ့မျက်နှာပြည့်ပြည့်ဖောင်းဖောင်းလေးကိုသာ တစ်ဝကြီးထိုင်ကြည့်နေမိသည်မှာ တစ်နာရီလောက်ရှိပေတော့မည်။ jayအတွက် ဘယ်တော့မှငြီးငွေ့မသွားစေမယ့် သိပ်လှတဲ့ပန်းချီကားတစ်ချပ်နဲ့တူတယ်။ သူ့ရဲ့ခလေးငယ်ကသူ့အတွက် ဘာနဲ့မှတန်ဖိုးဖြတ်လို့မရတဲ့ အဖိုးတန်လေး ။ သူထိတွေ့နိုင်စွမ်းမရှိတဲ့ ၊ ဖမ်းဆုပ်ထားနိုင်စွမ်းမရှိတဲ့ သိပ်ကိုလှပပြီး နူးညံ့လွန်းတဲ့ပန်းလေးတစ်ပွင့်နဲ့လည်းတူတယ်။ ခလေးငယ်ကို သူ့ကြောင့်နစ်မွန်းမသွားစေချင်ဘူး။ ငယ်ငယ်ရွယ်ရွယ်မှာ စိတ်ကစားလို့ဖြစ်တည်လာတဲ့ ခလေးငယ်ရဲ့အချစ်ကို သူမယုံကြည်လို့မဟုတ်ပါဘူး။ ဒီအချိန်သူခလေးငယ်အပေါ်မှာ မထိန်းချုပ်ဘဲအလိုလိုက်ရင် နောင်မှာမိဘတွေ နောက်ပြီးပတ်ဝန်းကျင်နဲ့ တွေ့ကြုံရင်ဆိုင်လာရမယ့် ပြဿနာတွေ ရှိလာမှာ အသေအချာပဲ။ ဒီလိုတွေဖြစ်လာရင် သူကရင်ဆိုင်နိုင်ပေမဲ့ ငယ်သေးတဲ့ခလေးငယ်ဟာ ရင်ဆိုင်နိုင်မှာ မဟုတ်သေးဘူး။ ဒါကြောင့်hyungကိုခွင့်လွှတ်ပေးပါ ခလေးငယ်။



အိပ်ရာထက်ကလူသားလေးဟာ လှုပ်ရွလှုပ်ရွနဲ့နိုးလာလေရဲ့ ..လူကသာထထိုင်လာတာ မျက်လုံးလေးတွေက ခုထိမပွင့်သေး။ ခဏနေတော့ မျက်လုံးလေးတွေပွင့်လာကာ အခန်းပတ်လည်လိုက်ကြည့်နေလေရဲ့ သူ့ကိုရှာနေတယ်ထင်သည်။
နောက်တော့ကျွန်တော့်ကိုတွေ့သွားပြီး ကုန်းရုန်းထလာကာ ကျွန်တော့်ဆီသို့ပြေးလာသည်။

mystery 🍂    Where stories live. Discover now