Pt.one🍂

2.9K 166 1
                                    


"သားလေးရေ အိမ်နီးနားချင်းတွေကို ဆန်မုန့်ဝေရဦးမယ်လေ အိုမားကိုကူညီပေးပါဦးကွယ်"

အိုမားရဲ့စကားသံကြောင့် ဖတ်လက်စစာအုပ်လေးကိုပိတ်ပြီးအခန်းထဲမှထွက်လာခဲ့မိသည်။ ကျွန်တော်တို့မိသားစုက မနေ့ညကမှဒီdaeguမြို့လေးကို အာပါးရဲ့အလုပ်ကိစ္စကြောင့်ပြောင်းလာခဲ့ခြင်းပင်။အိုမားပေးသော ဆန်မုန့်တွေထည့်ထားသည့် ဘူးလေးနှစ်ဘူးကိုအရင်ယူခဲ့ပြီး မုန့်ဝေပေးရန်ထွက်ခဲ့တော့သည်။ ဘေးအိမ်ကိုဝေပြီးမှ အရှေ့ဘက်အိမ်ကိုဝင်ဖြစ်ခဲ့ခြင်းဖြစ်သည်။တစ်ထပ်လုံးချင်းအိမ်အပြာလေးရှေ့ အရောက်ခြံဝင်းထဲမျက်စိကစားကြည့်မိရာ အမှန်တကယ်ကိုနေချင်ဖွယ်အိမ်ကလေးတစ်လုံးဖြစ်ကြောင်း jayမှတ်ချက်ချလိုက်မိသည်။ခဏလေးရပ်ပြီး လူခေါ်ဘဲလ်လေးကိုနှိပ်လိုက်တော့ အိမ်ထဲမှာအဘွားတစ်ယောက်ထွက်လာလေသည်။

"ခလေးလေး ဘာများအလိုရှိလို့လဲကွယ်"

"ဘွားဘွားရေကျွန်တော်ကမနေ့ကမှ အရှေ့ဘက်အိမ်ကိုပြောင်းလာတာပါဗျ၊ဘွားဘွားအကူအညီလိုတာရှိရင် ကျွန်တော်တို့ကိုအချိန်မရွေးအကူအညီတောင်းနိုင်ပါတယ်၊ဒီဆန်မုန့်လေးကိုလည်း လက်ခံပေးပါဗျ"

"ခလေးလေးက လိမ္မာယဉ်ကျေးလိုက်တာကွယ်..အိမ်ထဲဝင်ပါဦးလား"

"အာ..ဟုတ်ကဲ့ပါဘွားဘွား ကျွန်တော်အခုဆန်မုန့်လေးတွေဝေပေးစရာကျန်သေးလို့ ညနေ လောက်မှပဲပြန်လာခဲ့ပါဦးမယ်ဗျ"

"ဟုတ်ပါပြီ ခလေးလေးရေ "










jay တစ်ယောက်လည်းအိမ်ပြန်လာပြီး ဝေစရာကျန်သေးသည့်အိမ်များကိုဝေပေးပြီး မိသားစုနဲ့ နေ့လည်စာစားပြီး တစ်ရေးအိပ်ဖြစ်ခဲ့သည်။တစ်ရေးနိုးသော် 2:30ပင်ရှိပြီ..အခုလိုအချိန်တွေဆိုရင် အရင်ကသူငယ်ချင်းများနှင့်အတူရှိနေနိုင်သော်လည်း ယခုမူ jayအတွက် အဖော်မဲ့နေသောငှက်လေးတစ်ကောင်နှယ် အထီးကျန်လွန်းလှသည်။အထီးကျန်ခြင်းကိုတော့မခံစားချင်၍ အခန်းထဲမှ ထွက်လာခဲ့မိသည်။
စာကြည့်ခန်း၌ အိုမားကသန့်ရှင်းရေးလုပ်ပြီးသည်ထင် စာဖတ်နေပေသည်။အိမ်ရှေ့ခန်းမှာတော့အာပါးက TVမှ variety showတစ်ခုကိုကြည့်နေသည်။jay တို့မိသားစုက သုံးယောက်တည်းရှိသည်ဆိုပေမဲ့ အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်စရာကောင်းလွန်းတယ်လို့ပြောနိုင်ပေသည်။jayအပေါ်ဆက်ဆံပုံမှာလည်း အချုပ်အချယ်ကင်းလွန်းသည်၊စည်းမဲ့ကမ်းမဲ့နေစေခြင်းမဟုတ်ဘဲ လူကြီးတစ်ယောက်လို ရင့်ရင့်ကျက်ကျက်၊လွတ်လွတ်လပ်လပ်တွေးခေါ်နိုင်စေသည်။ကိုယ့်အားကိုယ်ကိုးနိုင်ရန် ရည်ရွယ်ပြီး အုပ်ချုပ်သည့် jayရဲ့အိုမားကလည်း တက္ကသိုလ်ဆရာမတစ်ယောက်ဖြစ်သည့်အလျောက် အနေအထိုင်သေသပ်လှပြီး စည်းကမ်းတင်းကျပ်လှပေသည်။


"အိုမား ကျွန်တော်အရှေ့အိမ်ခဏအလည်သွားဦးမယ်၊အကြာကြီးမနေပဲ ပြန်လာခဲ့မှာမို့စိတ်ပူနေစရာမလိုပါဘူး "

"ဟုတ်ပါပြီ အတတ်လေးရယ်"

jayလေးဟာ သိပ်ကိုတတ်လွန်းတယ် အသက်15ဆိုပေမယ့် လူကြီးလေးတစ်ယောက်လိုပြုမူနေထိုင်တတ်တဲ့ ခလေးလေးကို jayရဲ့အိုမားနဲ့ အာပါးမှာချစ်မဝပေ ...












အပြာရောင်အိမ်လေးအရှေ့မှာရပ်ပြီး လူခေါ်ဘဲလ်နှစ်ခါလောက်တီးပြီးတဲ့အခါ မနက်ကဘွားဘွားထွက်လာလေသည်။

"ခလေးလေးရေ ဘွားဘွားကမျှော်နေတာကွဲ့ ...လာအိမ်ထဲဝင်ပါကွယ်"

အိမ်ထဲကိုဝင်လိုက်လျှင်ဝင်လိုက်ချင်းပဲ ဂျစ်ကန်ကန်မျက်နှာပေးနဲ့ ခလေးလေးတစ်ယောက်က သူ့ကိုစိုက်ကြည့်နေတယ်၊အို...ဒီခလေးငယ်လေးက ဘာတွေများမကျေနပ်နေပါလိမ့်လို့တောင်jayတစ်ယောက် တွေးမိလိုက်ပါသေးတယ်၊ကိုယ်ကအကြီးဆိုတော့ အငယ်လေးကိုအလျှော့ပေးရမယ်ဆိုတဲ့ အတွေးနဲ့ ခလေးငယ်ရှေ့ ဒူးလေးထောက်ပြီး စကားပြောဖို့ ကြိုးစားရသည်။ စကားစမပြောရသေးခင်မှာပင် ခလေးငယ်လေးဟာ သူ့အဘွားရဲ့နောက်နားလေးကို ဆုတ်သွားလေသည်။တကယ်ကိုမလွယ်တဲ့ ခလေးငယ်လေးပါပဲ...

"wonnie လေးရေ..ကိုကို့ကို နှုတ်ဆက်လိုက်ဦးလေ"

ခလေးငယ်လေးက သူ့ဘွားဘွားစကားကိုနားထဲမဝင်သလို ကျောက်ရုပ်လေးတစ်ရုပ်လို မလှုပ်မယှက်ရပ်နေပြန်သည်။

"ခလေးလေးရေ hyungကwonnieလေးကို မုန့်တွေအများကြီးကျွေးပြီး အတူတူကစားပေးမှာမို့ hyungဆီလာပါဦး"

ထိုသို့ပြောလိုက်သည့်အခါမှ ခလေးငယ်လေးက မျက်လုံးဝိုင်းလေးတွေပြူးကျယ်လာပြီး နှုတ်ခမ်းပိစိလေးက လှုပ်စိလှုပ်စိ ဖြစ်လာတယ်...
jayအတွက် ညီလေးတစ်ယောက်ကောက်ရသလိုပင် ၊ဒီခလေးငယ်လေးနဲ့သာ အချိန်တွေကုန်ဆုံးသွားရမည်ဆိုလျှင် ပျော်စရာကောင်းသောအချိန်တွေဖြစ်လာမည်ကို jayတစ်ယောက် တွေးမိပြီး ပြုံးနေမိသည်။
အတွေးထဲနစ်ဝင်နေတုန်း အင်္ကျီအနားစလေးကိုလှမ်းဆွဲနေသည့် အရာလေးကြောင့် အတွေးထဲမှအမြန်ရုန်းထွက်ခဲ့ရသည်။

"hyungအတူတူဆော့မယ်ဆို"

______________________________________
Pt.two soon 🍂

mystery 🍂    Where stories live. Discover now