Pt.fourteen🍂

723 100 39
                                    

jayတို့သူငယ်ချင်းတွေ WAမှာကျောင်းတက်တာ နှစ်နှစ်ပြည့်တော့မည်။ ခလေးငယ်နဲ့တွေ့ဖို့ရက်ပိုင်းသာလိုတော့သည်။ ဘွဲ့ကိစ္စဘာညာစီစဥ်နေရသည်မို့ ခုရက်ပိုင်းက အလုပ်ရှုပ်သည်။ daeguကိုပြန်ရောက်ရင်တော့ အလုပ်တန်းဆင်းရမည်ဖြစ်သည့်အတွက် အားလပ်ချိန်ဆိုတာ သူ့အတွက် တကယ်ကိုရှားမည်ထင်သည်။ အာပါးရဲ့travel agencyမှာ ဝင်ရမည်ဖြစ်သည့်အတွက် ဖိအားတော့အရမ်းမများလောက်ဟု ယုံကြည်ရသည်။ WAကိုငယ်ငယ်ကတည်းကနေခဲ့ရလို့ သဘောကျပေမဲ့ daegu မြို့လေးကိုပိုသဘောကျမိသည်။ daeguက သူ့ရဲ့ခလေးငယ် ကြောင့်လည်း ဖြစ်မည်ထင်သည်။












Daegu International Airportကို ရောက်တော့ jayရဲ့စိတ်လေးတော်တော်လန်းဆန်းလာသည်။ ခလေးငယ်ကိုတော့ ဒီနေ့ရောက်မည်ဟု မပြောရသေး (ခလေးငယ်ကို အံ့ဩသွားစေချင်လို့သာ)။ အာပါးနဲ့အိုမားနှစ်ယောက်လုံး လာကြိုကြသည်။

အိမ်ကိုအမြန်ရောက်ချင်တဲ့စိတ်ကို သူဘယ်လိုထိန်းရပါ့။

အိမ်ရောက်ရောက်ချင်း အထုပ်တွေကိုတောင်မချနိုင်ဘဲ ခြေလှမ်းများက သူ့ခလေးငယ်ရှိရာသို့...














ခြံဝင်းလေးထဲဝင်သွားတော့ ဘွားဘွားကမက်မွန်သီးတွေခူးနေလေသည်။

"ဘွားဘွား "

"ဟယ်...မြေးဘယ်တုန်းကရောက်တာလဲကွယ်
ကြည့်ပါဦး ပိုချောပြီးပိုကြည့်ကောင်းလာလိုက်တာ"

"ဟီး...ဟုတ်လား ဘွားဘွားwonnieရော?"

"အိမ်ထဲမှာစာကျက်နေလေရဲ့ သွားနှုတ်ဆက်လိုက်ပါဦးကွယ် wonnieလေးက မြေးကိုတွေ့ရင် သိပ်ဝမ်းသာသွားမှာ"

"ဟုတ်ဘွားဘွား မြေးဝင်သွားလိုက်မယ်နော်"














အိမ်ထဲဝင်လိုက်တော့ အခန်းရဲ့စာကြည့်စားပွဲမှာထိုင်ကာစာလုပ်နေတဲ့ သူ့ရဲ့ခလေးငယ်
အသံမပေးဘဲ တိတ်တိတ်လေးရပ်ကြည့်နေလိုက်သည်။

Jungwon တစ်ယောက်စာလုပ်နေရင်း သူ့ကိုတစ်ယောက်ယောက်ကကြည့်နေတယ်လို့ ခံစားရတာကြောင့် စာလုပ်နေတာကိုရပ်၍ မော့ကြည့်မိတော့ ...

mystery 🍂    Where stories live. Discover now