Pt.twelve🍂

674 105 12
                                    

တစ်ဆယ့်လေးနာရီလောက် လေယာဉ်စီးထားရတာကြောင့်အတော်လေးကိုပင်ပန်းနေပြီဖြစ်သည်။

Seattle - Tacoma International Airport ကတော့အရင်တိုင်း မပြောင်းလဲပါ။ taxi ငှားပြီးသာ အိမ်သို့လာခဲ့လိုက်သည်။







အိမ်ရောက်တော့ အိမ်အကူဦးလေးကြီးနဲ့ အန်တီကြီးက ကြိုနေလေရဲ့။သူတို့ကိုနှုတ်ဆက်ပြီး အပေါ်ထပ်သို့သာ တက်လာခဲ့သည်။ မနေတော့တဲ့ ငါးနှစ်အတွင်းမှာ ပြောင်းလဲသွားသည့်အရာတော့ မရှိပေ။
ရောက်ပြီဆိုတဲ့အကြောင်း အာပါး၊အိုမား၊ဘွားဘွားနဲ့ ခလေးငယ်တို့ဆီကို phဆက်ပြောဖြစ်သည်။ နောက်တော့ တစ်ရေးလောက်အိပ်ပြီး အနားယူဖို့ပြင်ရသည်။ တော်သေးသည် မနက်ဖြန်ကSundayမို့။

အိပ်လိုက်တာ Sunday မနက်ပိုင်း10:00လောက်မှသာ နိုးလာတော့သည်။ လုပ်စရာရှိတာလုပ် ဝယ်စရာရှိတာ ဝယ်ပြီး အချိန်ကိုကြည့်လိုက်တော့ နေ့ခင်း2:00လောက်တောင်ရှိလေပြီ။ သတိရလိုက်တာ ခလေးငယ်ရယ်... ဒီအချိန်ဆိုအဲဒီမှာ မနက်6:00လောက်ရှိမည်ဖြစ်သည့်အတွက် သူphဆက်ဖို့အဆင်မပြေပေ။ ကိုရီးယားက WAထက် တစ်ဆယ့်ခြောက်နာရီစောသည်မို့ အချိန်အားဖြင့် တော်တော်ကွာလှသည်။

ကျောင်းသွားဖို့အာပါးက ကားတစ်စီးစီစဥ်ပေးထားသည်မို့ အဆင်ပြေသည်။ အချိန်တွေအမြန်ကုန်သွားဖို့ရည်ရွယ်တာမို့ စာကိုသာအာရုံစိုက်ကာ အကျိုးရှိရှိကုန်မည်လို့သူတွေးထားသည်။


















ကျောင်းတက်လာတာ တစ်လတောင်ပြည့်ပြီ။ Sunghoon ဆိုတဲ့သူငယ်ချင်းအသစ်လေးထပ်ရတယ်။ ခလေးငယ်ကိုလည်းနေ့တိုင်းလိုလို ဆက်သွယ်ဖြစ်တယ်။ ခလေးငယ်လေးကိုကြည့်ရတာလည်း အဆင်ပြေနေတဲ့ပုံပါပဲ။









hyungစသွားတဲ့ရက်ပိုင်းတွေတုန်းကဆိုရင် သူ့မှာတော်တော်လေးကို ဝမ်းနည်းနေခဲ့တာ။ သူ့ကိုအဆက်အသွယ်မဖြတ်လို့သာတော်ကာကျသည်။ ပန်းပင်လေးတွေရေလောင်းရင်လည်းhyungကိုလွမ်းတယ်။ အစာစားရင်လည်းလွမ်းတယ်။ ရေချိုးရင်လည်းလွမ်းတယ်။ အိုမားတို့ အိမ်ဘက်ကိုသွားရင်လည်းလွမ်းတယ်။ ဘာပဲလုပ်လုပ် လွမ်းနေရောပဲ။ 2နှစ်ဆိုတဲ့အချိန်ကာလကြီးရယ် မြန်မြန်ပြည့်ပါတော့ဆိုပြီး သူ့မှာဆုတောင်းရတာ အမော။

mystery 🍂    Where stories live. Discover now