Pt.fifteen🍂

707 99 6
                                    

သူ့ရင်ခွင်ထဲမှာထိုင်နေတဲ့ ခလေးငယ်ဟာ ဘယ်လောက်ဖြူစင်လဲဆိုတာ သူအသိဆုံးပါ။ kiss sceneလေးတောင် ဒီလောက်ရှက်နေတာ bed scene သာဆိုရင် ဘယ်လိုလုပ်မလဲကွာ..
ခလေးငယ်ရဲ့နှုတ်ခမ်းလေးဆီကိုသာ အာရုံရောက်နေတဲ့ ကိုယ့်စိတ်ကို ကိုယ်မနည်းပြန်ထိန်းနေရသည်။

*စိတ်ထိန်း jay ...ခလေးငယ်ကအဖိုးတန်လေး
မင်းတန်ဖိုးထားရမယ့် သက်ရှိလူသားလေးလေ*




ဇာတ်လမ်းလေးပြီးသွားတော့ ခလေးငယ်ကိုအိမ်ပြန်ပို့ပေးရဦးမည်။

"သဘောကျရဲ့လား wonnie ...."

"ဟင် ...သဘောကျပါတယ် hyungရဲ့
ဇာတ်လမ်းလေးကချစ်စရာလေး"

"အင်း..hyungလည်း သဘောကျတယ်..."












အိမ်ရှေ့ရောက်တော့ ခလေးငယ်ကကျွန်တော့်ကို နှုတ်ဆက်ကာ အိမ်ထဲဝင်ရန်ပြင်လေသည်။ အိမ်ထဲဝင်တော့မည့်ခလေးငယ်ကို သူဒီအတိုင်းလွှတ်မပေးချင်သေး။

"wonnie...."

"hummmm...."

"hyung ခဏလောက်ဖက်ထားချင်တယ်wonnie"

ထိုအခါ လက်လေးနှစ်ဖက်ကားပေးထားကာ eye smileလေးနဲ့ရယ်ပြနေတဲ့ jayရဲ့ ကြောင်ပေါက်လေး....jayမှာကြောင် allergic ရှိပေမဲ့ ဒီကြောင်ပေါက်လေးကခြွင်းချက်။
သူ့ရှေ့ကကြောင်ပေါက်လေးကို တင်းတင်းကျပ်ကျပ်ဖက်လိုက်ကာ

"hyung ထိန်းချုပ်ထားရလွန်းလို့ ရူးတော့မှာပဲကွာ....
သိရဲ့လား ဟမ်"

"ဘာကိုလဲ hyung?"

"ဟင့်အင်း ဘာမှမဟုတ်တော့ဘူးwonnie"

ဖက်ထားတာဘယ်လောက်ကြာသွားသည်မသိ ခလေးငယ် အိပ်ချင်လာပြီလို့ပြောမှ သူလွှတ်ပေးမိသည်။

"good night wonnie"

"good night hyung"
















အလုပ်ခွင်မှာလည်း jayဟာ ထက်ထက်မြက်မြက်ရှိသည်။ jayရဲ့အာပါးကဆို သူ့သားကိုဂုဏ်ယူလို့မဆုံး။ CEOပေါက်စလေးကို အလုပ်ခွင်ကကောင်မလေးတွေ သဲသဲလှုပ်ပဲ။



ရုံးခန်းထဲမှာ အာပါးနှင့်အလုပ်ကိစ္စတိုင်ပင်နေတုန်း ph call လေးတစ်ခုဝင်လာသည်။ သူ့ရဲ့ခလေးငယ်ဆီကမို့ သူကိုင်လိုက်ချင်ပေမဲ့ အရေးကြီးတဲ့ကိစ္စဖြစ်နေတာကြောင့် မတတ်နိုင်ပေ။

mystery 🍂    Where stories live. Discover now