HYUNG

11.6K 634 67
                                    

•Zawgyi•

"အမယ် ဂျွန်ဂျောင်ဂု တို့ကအစောကြီးနိုးလို့ပါလား"

ဒီနေ့ ချစ်ရသူ Hyung ပိစိ လေးက နှစ်ယောက်ထဲတွေ့ဖို့ချိန်းတာဆိုတော့ မနက်အစောကြီးထပြီး
သွားဖို့ပြင်ဆင်နေတုန်း Omma ကအခန်းထဲဝင်လာပြီး စောင်ခေါက်ရင်းပြောတယ်....

"ဟီး သားဒီနေ့အရေးကြီးကိစ္စလေးရှိလို့ပါ Omma ရဲ့"

"အေးပါဟယ် နင်ကနေ့တိုင်း အရေးကြီးကိစ္စရှိနေတာ မပြောချင်တော့ဘူး"

"မပြောချင်မပြောပါနဲ့ Omma"

မှန်ကြည့်ကာ ဆံပင်သေချာသပ်ရင်း မအေကိုပြန်ခံပြောနေတဲ့
သားဖြစ်သူကို မျက်စောင်းတစ်ချက်ထိုးလိုက်တော့....

"Omma ကလဲ သားကစတာပါ မွ စိတ်မဆိုးနဲ့နော်"

"အေး အေး မနက်စာစားသွားဦးမှာလား ??"

"မစားတော့ဘူး Omma အာ ချိန်းထားတာနောက်ကျတော့မယ် သားသွားပြီနော်"

ကုတင်ပေါ်မှာ တင်ထားတဲ့ Coat ကိုတောင်မဝတ်နိုင်ပဲ လက်ကနေကိုင်ပြီး ထွက်သွားတဲ့သားဖြစ်သူကိုကြည့်ကာ ဂျွန်မီယောင်း တစ်ယောက် ပြုံးလိုက်မိတယ်.....

.

.

.

.

ဒီနေ့ ဂျောင်ဂု နဲ့နှစ်ယောက်ထဲတွေ့ဖို့ချိန်းထားတဲ့နေ့......

Korea မှာ အချမ်းသာဆုံးစာရင်းဝင်တဲ့ Kim Group ရဲ့တစ်ဦးတည်းသောသားဖြစ်သူ ကင်မ်ထယ်ယောင်း.....

ငယ်ငယ်ထဲက မိဘတွေကကိုယ်စီလုပ်ငန်းနဲ့မို့ ထယ်ယောင်းကိုဂရုမစိုက်ဖြစ်ခဲ့.....

နန်းတော်တမျှကျယ်ဝန်းတဲ့အိမ်ကြီးထဲမှာ အိမ်ဖော် တွေနဲ့သာ ကြီးပြင်းခဲ့ရသူမို့ တစ်စုံတစ်ယောက်ဆီက ဂရုစိုက်မှုကိုခံချင်ခဲ့တယ်......

ဘုရားသခင်ကထိုဆန္ဒတွေပြည့်ဝအောင် အလယ်အလတ်တန်းစားမိသားစုကမွေးဖွားလာတဲ့ ဂျွန်ဂျောင်ဂု ဆိုတဲ့ သူ့ထက် ၂ နှစ်ငယ်တဲ့ကောင်လေးကို သူ့ဆီအရောက်ပို့ပေးခဲ့တယ်......

၂ နှစ်ငယ်တယ်ဆိုလို့ အထင်မသေးပါနဲ့ ခန္ဓာကိုယ် တောင့်တောင့်ဖြောင့်ဖြောင့် နဲ့ ဆံပင်အရှည်တွေကို နောက်ကိုစုထုံးထားတဲ့သူ.....

CANDY ( VGUK 18+ Collections )Where stories live. Discover now