Unicode
ပျားပန်းခက်တမျှ လှုပ်ရှားသက်ဝင်နေသော ဆိုးလ်မြို့ အလှရှူခင်းကို အထပ်ပေါင်း ၉၀ နီးပါးရှိသည့် တာဝါ တစ်ခု၌ရပ်ကြည့်နေသည့် ထယ်ယောင်း မဲ့ပြုံးပြုံးလိုက်သည် ။
"စီအီးအီုကင်မ် ပြန်ချိန်ရောက်နေပါပြီ ပြန်ပါတော့မလားဗျ"
ဘေးက တပ်ကြပ်မခွာလိုက်တတ်သည့် သက်တော်စောင့်ဖြစ်သူ ဂျွန်ဂျောင်ဂု ရဲ့ အသံကြောင့် ထိုစကားကိုကြားသည်ဟု အသိအမှတ်ပြုရအောင် လှည်ကြည့်ရုံမျှသာ လှည့်ကြည့်လိုက်ပြီး ကိုယ့်ကိစ္စသာ ကိုယ်ပြန်တွေးနေလိုက်တယ် ။
စီအီးအိုရဲ့အပြုအမူကိုကြည့်ရုံဖြင့်သိနေတဲ့ ဂျောင်ဂု ကတော့ အရိုအသေတစ်ချက်ပြုကာ နောက်သို့ဆုတ်သွားပြီဖြစ်သည် ။
ဒီနေ့ ထယ်ယောင်းအတွက်စိတ်ညစ်ညူးစရာပါပင် ။ ရွှေအိုရောင်ဆံပင် ခပ်အုပ်အုပ်ကလေးများကို လှိုင်းအသေးလေးတွေကောက်ထားပြီး အပြာရောင်ဘက် သန်းသော မျက်လုံးအရောင်တို့ကြောင့် သူ့ပုံစံက ဆိုးလ်မှာရှိနေတဲ့လူတွေနဲ့တော့ တစ်ခြားစီပင် ။
ယောကျာ်းလေးတန်မဲ့ ယောကျာ်းချော'ချောတာမဟုတ်ပါပဲ မိန်းမတွေနဲ့ ယှဉ်စရာမရှိအောင်လှရက်သည့် သူ့အားလိုချင်သည်မှာ မိန်းမတွေရော ယောကျာ်းသားတွေပါ ဒုနဲ့ဒေး ။
ဒီကနေ့လဲ သူ့အား ချိန်နေသည့် မင်ဟာနာ ဆိုတဲ့မိန်းမက အဖေနဲ့ပါ စကားပြောပြီး ထယ်ယောင်းကို စိတ်ဝင်စားကြောင်း ပြောသွားတာမို့ စိတ်ညစ်နေရခြင်းဖြစ်သည် ။
သို့ပေသိ သူမည်သူတစ်ဦးတစ်ယောက်ကိုမျှ စိတ်ဝင်စားခြင်းမရှိခဲ့ပါပေ ။ သူစိတ်ဝင်စားရလောက်အောင်လဲ ထူးခြားနေသည့် လူတွေမှ မဟုတ်တာ ။
တစ်ချိန်ချိန်ကျ တစ်ယောက်ယောက်ကြောင့် လှုပ်လှုပ်ရှားရှားဖြစ်လာမည့် သူ့နှလုံးသားရေး အတွက် အများကြီးမျှော်လင့်လျှက်ရှိနေသည် ။
ဒါမယ့်အခုချိန်ထိ သူ့ကို ရင်ခုန်အောင်လုပ်နိုင်မည့် လူသားအား ရှာမတွေ့သေးပေ ။ သူ့အား ရင်ခုန်အောင်လုပ်မည့်လူက မိန်းကလေးဖြစ်နေရင် သူလက်ခံနိုင်မည်မထင် ဘာကြောင့်ဆို သူဟာ သူ့ကိုရင်ခုန်အောင်လုပ်မယ့် ယောကျာ်းတစ်ယောက်ကိုသာ တောင့်တနေခြင်းပါ ။
YOU ARE READING
CANDY ( VGUK 18+ Collections )
FanfictionOnly VGUK 18+ collections , if u don't like skip it . Position -kop & vottom