CRUSH

25.3K 1K 489
                                    

•Zawgyi•

"ဟျောင့် ထယ်ယောင်း မင်း ဂျောင်ဂုကို ဖွင့်မပြောရသေးဘူး
လား ??"

နမ်ဂျွန်း ရဲ့အမေးကို ပြန်ဖြေဖို့ အားပင်မရှိတော့......

၅ နှစ်လောက်တိတ်တခိုးကြိုက်ခဲ့ရသော Crush ဆီမှဘာ
သတင်းအစနမျှပင်မကြားရတော့ ထယ်ယောင်းတို့ စိတ်ပူလေ
ပြီ.....

အထက်တန်းပြီးသွားထဲက မတွေ့ဖြစ်တော့ပေမယ့် Messenger ကနေအဆက်အသွယ် လုပ်ဖြစ်ခဲ့ကြတယ်...

တစ်ပတ်....တစ်ပတ်ရှိပြီ စာမပို့တာ... အရင်ဆို မနက်မိုးလင်
းတာနဲ့ Morning Tae ဆိုတဲ့စာကရောက်နှင့်ပြီးသား...

အခုတော့ ထယ်ယောင်းပို့ထားတဲ့စာတွေတောင် Seen မပြ....လိုင်းလဲမတက်ပေ

"ဖွင့်တော့မပြောရသေးဘူး နမ်ဂျွန်း ဒါပေမယ့် ငါသူ့ကိုကြိုက်
နေတယ်ဆိုတာတော့ သူသိမယ်ထင်တယ်"

"အေး ငါလဲ အဲ့လိုပဲထင်လို့လာမေးတာ"

နမ်ဂျွန်းရဲ့အဖြေကိုခေါင်းငြိမ့်ပြီးနားထောင်ပြီးနောက် သတိရ
သွားတဲ့ကိစ္စတစ်ခု......နမ်ဂျွန်းနဲ့ ဂျောင်ဂုနဲ့က သူငယ်ချင်း
တွေမို့ ဂျောင်ဂုလိုင်းမတက်ရတဲ့အကြောင်းအရင်းကိုသိလိမ့်
မည်....

ဒါကြောင့် နမ်ဂျွန်းကိုမေးရမည်....

"နမ်ဂျွန်း..."

"အေးပြောလေ"

"ဂျောင်ဂု ဒီရက်ပိုင်း လိုင်းမတက်ဘူးနော် ဘာဖြစ်လို့လဲ ??"

"အာ....အေး ငါအဲ့တာပြောမလို့မေ့နေတာ မနက်ဖြန် Melody Hotel ကို ည ၇ နာရီအရောက်လာခဲ့လို့ ဂျောင်
ဂုကမှာလိုက်တယ်"

ထယ်ယောင်းအံ့သြသွားတယ်....ဂျောင်ဂုနဲ့ ခင်လာတာ ၄ နှစ်
ရှိပြီ တစ်ခါမှ နှစ်ယောက်ထဲသီးသန့်တွေ့တာမျိုးမရှိခဲ့..

အခုတော့ထူးထူးဆန်းဆန်းနှစ်ယောက်ထဲတွေ့ရအောင်တဲ့လေ ဒါလဲတစ်မျိုးကောင်းတာပဲ မျက်နှာလေးတွေ့ရမယ်လေ...

သွားလိုက်ရင်ကိုယ့်အတွက် နာစရာမရှိတာကြောင့် ထယ်
ယောင်းတစ်ယောက်သွားဖို့ဆုံးဖြတ်လိုက်သည်......

"နမ်ဂျွန်း ငါမေးတာဖြေဦးလေ"

"ဆောရီး ထယ်ယောင်းရေ ငါချိန်းထားတာရှိတာကိုမေ့နေတ
ယ် အခုသွားရတော့မှာမို့"

CANDY ( VGUK 18+ Collections )Donde viven las historias. Descúbrelo ahora