Lesson

12K 675 87
                                    

•Zawgyi•

"ဂျွန်ဂျောင်ဂု ရေ !! ငါဗိုက်ဆာနေပြီလို့ !! မင်းတို့ လင်လင်
အတွဲပြဿနာဖြစ်တာနောက်မှရှင်းကွာ အခုငါနဲ့အတူ ကန်
တင်းလိုက်ခဲ့"

မနက်ကကျောင်းတက်ခါနီး ထယ်ယောင်းနဲ့အတူယောကျာ်း
လေးတစ်ယောက်ကိုပဲတွဲမြင်လိုက်ရတာမို့ ဂျယ်လီနင်နေတဲ့
ဂျောင်ကြီးပါ.....

ခါးထောက်ကာ ပြတင်းပေါက်ဘက်ကိုမျက်နှာမူထားတဲ့ ဂျောင်
ဂု ရဲ့လက်မောင်းကို ဖြတ် ခနဲရိုက်လိုက်တော့ မျက်ထောက်နီ
ကြီးနဲ့ပြန်လှည့်ကြည့်လာတယ်....

အဲ့အကြည့်တွေက အမလေး ကြက်သီးတောင်ထတယ်....

"မင်းဘာသာသွားကွာ ငါထယ်ယောင်းဆီသွားဦးမယ် ဒီတစ်ခါ
တော့ Lesson ကောင်းကောင်းပေးထားမှ နောက်မလုပ်ရဲ
မှာ"

တောက် တစ်ချက်ခေါက်ကာ အပြင်ကိုထွက်သွားတဲ့ ဂျောင်ဂု
ကိုကြည့်ရင်း Lesson အပေးခံရတော့မည့် ထယ်ယောင်း
အစား ပတ်ဂျီမင်း ဖင်ကြိမ်းတယ်....

ဂျွန်ဂျောင်ဂုနဲ့ မိမိရည်းစား မင်ယွန်းဂီ တို့မှာသွေးသားလဲမ
တော်စပ်ပါနဲ့ အကျင့်စရိုက်အကုန်တူတာကြောင့် စိတ်ဆိုးရင်
ဘယ်လိုလုပ်မလဲဆိုတာ ဂျီမင်း သိနှင့်ပြီးသား.....

မိမိသူငယ်ချင်း ထယ်ယောင်း ကိုကယ်တင်ချင်ပေမယ့်လဲ ဆန္ဒပြနေဖြစ်တဲ့ ဗိုက်ကိုအရင်ဖြည့်ရမှာမို့ ကန်တင်းကိုသာဦး
တည်ခဲ့တော့သည်....( အစ်ကိုဂျီမင်းက သူငယ်ချင်းကိုအဲ့လောက်တောင်ချစ်တာပါ 😂 )

ဂျောင်ဂု ကလက်ကိုကျစ်ကျစ်ပါအောင် ဆုတ်ထားပြီး ထယ်
ယောင်းရဲ့ အခန်းဆီကို လာနေတယ်....

အခန်းရှေ့ကိုရောက်တော့ အထဲကို မြန်မြန်ဝင်ပြီး နေရာမှာ
သေချာထိုင်ပြီးဘေးနားက အကောင်တစ်ကောင်နဲ့စကားပြော
နေတဲ့ ထယ်ယောင်းကို လက်ကောက်ဝတ်မှဆွဲကိုင်ကာ ခေါ်
ထုတ်လာခဲ့သည်....

"အာ့ နာနေပြီ ဂျောင်ဂု"

အခုချိန်မှာ သူ့မျက်လုံးထဲဘာမှမမြင် ဒေါသတွေထွက်နေတာ
ပဲသိတယ်....

ဂျောင်ဂု ခေါ်ရာကိုကြည်ကြည်ဖြူဖြူလိုက်သွားပေမယ့် ဒေါသ
ထွက်နေဟန်ရှိတဲ့ ဂျောင်ဂု ကြောင့်အနည်းငယ်လန့်မိတာ
တော့ အမှန်ပင်

CANDY ( VGUK 18+ Collections )Tahanan ng mga kuwento. Tumuklas ngayon