Alexander Cinz ၏ ခန္ဓာကိုယ်ထဲသို့ လွန်းတိမ်လွှာ စတင်ဝင်ရောက်လာခဲ့သည့် တတိယမြောက်နေ့တွင် ပထမဆုံးအတန်းချိန်ကို တက်ရတော့မည်။ အခက်ဆုံးမှာတော့ လွန်းတိမ်လွှာက မှော်လောကက ဘာသာရပ်တွေ တခါမျှမမြင်ဖူးခဲ့ချေ။
potterhead ဘဝတုန်းကသာ နည်းနည်းပါးပါး လေ့လာဖူးတယ်ဆိုရုံလောက် မှတ်မိသည်။"ငါတော့ စာထမေးခံရရင်သေပြီပဲ"
"မပူပါနဲ့
မင်းကိုမမေးပါဘူး
ငါ့ကိုပဲမေးမှာ"အနောက်မှကပ်လျှောက်လာသော Harry Potter သည် Cinz အနားသို့ကပ်ကာ ငြီးတွားလိုက်သည်။ လေးလံနေသော ခြေလှမ်းများဖြင့် စာသင်ခန်းဆီ ဦးတည်လျှောက်လာကြသည်။
"ဒါနဲ့!"
"ဘာလဲ"
"မင်း Dobby ကိုတွေ့ဖူးပြီးပြီမလား!"
"မင်းဘယ်လိုသိနေတာလဲ!"
Dobby အကြောင်းကိုသိနေတာကြောင့် Harry အံ့သြသွားသည်။ ဘယ်လိုပဲဖြစ်ဖြစ် အခုရောက်နေတဲ့ Cinz က အရင်ကနဲ့လုံးဝမတူတော့ချေ။ Slytherin မှာ Draco Malfoy ရှိသလို Gryffindor မှာလည်း Harry Potter ပြီးရင် Alexander Cinz က နာမည်အကြီးဆုံး။
"ငါအကုန်သိတယ် Potter!"
"ဘာတွေသိသေးလဲ"
"ဟိုလူအကြောင်းကိုရော သိသေးလား"
"လောလောဆယ် စာပဲအရင်သင်ရအောင်"
Voldemort အကြောင်းကိုရော၊ ဒီနှစ်မှာ ဘာတွေဖြစ်မလဲဆိုတာကိုရော လွန်းတိမ်လွှာ အကုန်သိနေသည်။ အဘယ်ကြောင့်ဆိုသော် စာအုပ်အကုန်လုံးကို အစအဆုံး ခဏ ၊ ခဏ ဖတ်လေ့ရှိသောကြောင့်ပင်။
စာအုပ်အရဆိုရင် ဒီနှစ်က Harry Potter နှင့် မိစ္ဆာခန်းဆောင် အပိုင်း ကိုရောက်နေတာပဲ။
ဒါဆို မကြာခင် ကျောင်းထဲက သွေးသန့်မဟုတ်တဲ့လူတွေ ကျောက်ရုပ်ဖြစ်ကြတော့မှာပဲ။ အဲ့လူတွေရဲ့ တရားခံက Harry Potter လို့ ဝိုင်းစွပ်စွဲကြတော့မယ်။"အာ...ငါမေ့နေတာ"
"ဘာကိုလဲ"
"မှော်နက်ခုခံကာကွယ်ရေးဆရာ အသစ်ရောက်ပြီလား"
"အေး ရောက်ပြီ
မနေ့ညက သူခိုင်းထားလို့ ငါကောင်းကောင်းမအိပ်ရတာ"
YOU ARE READING
I'm in Love With Fictional Character
Fanfictionငါ့ရဲ့ဖြစ်တည်မှုဟာ စိတ်ကူးယဥ်ဖြစ်နေပါစေ ငါ့ရဲ့ဇာတ်လမ်းဟာ ပုံပြင်သပ်သပ်ဖြစ်နေပါစေ... မင်းအတွက် စစ်မှန်နေရင် ကျေနပ်ပါတယ်...