Professor Snape ရဲ့ ရင်ခွင်ထဲပွေ့သွားခြင်းခံရသော လွန်းတိမ်လွှာမှာ ဆေးကုသဆောင်ရောက်သွားမှ ပြုံးနေတာ ရပ်တော့သည်။
ကုတင်ပေါ်ကို ညှင်သာစွာ တင်ပေးပြီးနောက် Snape က သူနာပြုတစ်ယောက်ကို သွားခေါ်ပေးသည်။"ဘာဖြစ်သွားတာလဲ Professor"
"မသိဘူး...ကျွန်တော်သူ့ကိုဆူနေတုန်း သတိမေ့သွားတာပဲ"
"သြော်...ဘယ်သူများလဲ မှတ်တယ်"
"Mr.Cinz ကိုး"
Madam Ponfrey က Cinz ကိုကုသပေးဖူးတာကြောင့် ကောင်းကောင်းကြီးရင်းနှီးနေသည်။ ဘာကို ဘဝင်မကျဖြစ်နေမှန်း မသိတဲ့ Professor Snape ကတော့ မျက်မှောင်ကြီးကုတ်လျက်။
"ဒီကလေးက နေပြန်ကောင်းလာတာ မကြာသေးဘူး"
"သတင်းကြားပါတယ်"
"ထားခဲ့လို့ရပြီမလား
အတန်းချိန်ဝင်စရာရှိသေးလို့""ရပါတယ်ရှင်"
လွန်းတိမ်လွှာကို လှည့်တောင်မကြည့်ပဲ ဆေးကုသဆောင်မှ ခြေလှမ်းကျယ်ကြီးတွေဖြင့် ထွက်သွားတော့သည်။ မျက်လုံးကို အစွမ်းကုန်ပိတ်ထားသော်ငြား သူထွက်သွားတာကိုတော့ လွန်းတိမ်လွှာ ဖွင့်ကြည့်မိသည်။
"နိုးပြီလား ကောင်လေး"
"ဟုတ်"
အရင်ကတည်းက သတိလစ်သွားတာမှမဟုတ်ပဲ။ သတိလစ်ချင်ယောင်ဆောင်ခဲ့တာလေ။
"မင်းလည်း တွေ့လိုက်ရင် Professnor Snape နဲ့ပဲနော်"
"ကျွန်တော် ဗိုက်ဆာလို့ သွားတော့မယ် Madam "
"အေးပါ သွား သွား"
ဗိုက်ဆာလို့ အမြန်သွားပါတယ်ဆိုမှ ဘုကလန့် Professor နဲ့သွားတိုက်မိတဲ့ လွန်းတိမ်လွှာ၏ ဘဝ ။ ရောက်နေတဲ့ နှစ်က လည်း Lockhart ဆရာဖြစ်နေတဲ့ နှစ်။
"စိတ်ညစ်လွန်းလို့ အမေ့ဗိုက်ထဲသာ ပြန်ဝင်လိုက်ချင်တယ်"
နေ့လယ်စာစားချိန် နောက်ကျသွားသော လွန်းမှာ ပေါင်မုန့်အနည်းငယ်သာ စားလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် ဗိုက်ထဲအစာ ဝင်သွားလို့ တော်သေးသည်။ အိမ်စာလုပ်ဖို့ အဆောင်ထဲ ပြန်ဝင်ပြန်တော့လည်း ရွှေ့လျားနေတဲ့ လှေကားတွေကြောင့် လိုရာကို မရောက်နိုင်တော့။ လွန်းတိမ်လွှာပဲ အသားမကျသေးတာလား။ သူတို့ကပဲ တမင်လုပ်နေသလား။
STAI LEGGENDO
I'm in Love With Fictional Character
Fanfictionငါ့ရဲ့ဖြစ်တည်မှုဟာ စိတ်ကူးယဥ်ဖြစ်နေပါစေ ငါ့ရဲ့ဇာတ်လမ်းဟာ ပုံပြင်သပ်သပ်ဖြစ်နေပါစေ... မင်းအတွက် စစ်မှန်နေရင် ကျေနပ်ပါတယ်...