Gryffindor များရဲ့ နားနေဆောင်မှာ အနီရောင်ရင့်ရင့်များဖြင့် အလှဆင်ထားသည်။
သီချင်းဖွင့်၍ ကခုန်နေသော ကျောင်းသားတချို့နှင့် အုပ်စုဖွဲ့ကာ စကားပြောနေကြသော ကျောင်းသားတချို့ကိုတွေ့နိုင်သည်။
လွန်းတိမ်လွှာ ဘယ်လိုစဝင်သွားရမှန်းမသိ။
သူတို့အမြင်မှာ ကိုယ်က Cinz ဆိုတဲ့ကောင်လေးတစ်ယောက်။
ကိုယ့်မျက်နှာကိုယ် ဘယ်လိုရှိလဲဆိုတာတောင်မသိရသေးချေ။"အားလုံးပဲ မင်္ဂလာပါ!"
"...."
Cinz ရဲ့ နှုတ်ဆက်စကားကြောင့် နားနေခန်းတစ်ခုလုံးတိတ်ဆိတ်သွားသည်။
သာမန် Gryffindor ကျောင်းသားတစ်ယောက်က နားနေဆောင်ထဲရောက်တာနဲ့ ပေါ့ပေါ့ပါးပါးဖြင့် လုပ်စရာလုပ်ရှိတာလုပ်ကြသည်။ Cinz က အထူးတလည် နှုတ်ဆက်လိုက်တာကြောင့် အံ့သြနေကြလျက်။"ဘာအထူးအဆန်းတွေလုပ်နေတာလဲ!"
"သူတော့ Quidditch မှာ မတော်တဆဖြစ်ရင်း ခေါင်းထိသွားပြီပဲ ဟား!...ဟား!"
"တောင်း...တောင်းပန်ပါတယ်
ငါသိပ်နေမကောင်းလို့ပါ"အားလုံးကိုတောင်းပန်ပြီး မျက်နှာပူပူဖြင့် မနည်းထွက်လာရသည်။
မှော်လောကထဲကို တခါမှမရောက်တာကြောင့် လွန်းဟာ အရာအားလုံးလွဲချောနေတော့သည်။
(A/N-အခုကစပြီး Cinz နဲ့ လွန်းက အတူတူပဲမို့ အလျင်းသင့်သလို သုံးသွားမှာပါ)"ရော့ သွားမနားခင် နင့်စာအုပ်တွေယူဦး"
ဆရာကြီးပုံစံဖြင့် အနားရောက်လာသော Hermione က အိမ်စာစာအုပ်တပုံကြီးကို Cinz ဆီထိုးပေးတော့သည်။
သူမရဲ့ အချိန်တွေကို ဖဲ့ပြီး Cinz အတွက် ရေးပေးထားတာကြောင့် ဆရာကြီးပုံစံနေနေတာ ဖြစ်မည်။"အေး...အေးပါ
ကျေးဇူးပဲ"Hogwarts ကကျောင်းသားတွေကြားအထူးချွန်ဆုံး မှော်ဆရာမလို့ ခေါ်တွင်လောက်တဲ့ Hermione Granger။
ပွယောင်းနေတဲ့ အနီမကျ၊အဝါမကျ ဆံသားတွေဟာ သူမရဲ့ပြယုဂ် တစ်ခုလို။
ဘယ်တော့မဆို အရည်အချင်းပြည့်ဝနေသော ကျောင်းသူတစ်ယောက်ကဲ့သို့ ဆက်ဆံတာကြောင့် အပေါင်းအသင်းသိပ်မရှိ။
Harry နှင့် Ron သာ သူမ၏ အကြောင်းကိုသိ၍ သူငယ်ချင်းအဖြစ်ဘေးနားရှိနေကြသည်။
![](https://img.wattpad.com/cover/228960817-288-k317427.jpg)
VOUS LISEZ
I'm in Love With Fictional Character
Fanfictionငါ့ရဲ့ဖြစ်တည်မှုဟာ စိတ်ကူးယဥ်ဖြစ်နေပါစေ ငါ့ရဲ့ဇာတ်လမ်းဟာ ပုံပြင်သပ်သပ်ဖြစ်နေပါစေ... မင်းအတွက် စစ်မှန်နေရင် ကျေနပ်ပါတယ်...