Ring~Ring
မနက်စောစောစီးစီးဖုန်းမြည်သံကြောင့် အိပ်ရာမှနိုးလာသည်
"Hello"
"အေး လွန်းတိမ် မင်းမှာတဲ့ wand ရပြီဟ"
"ဟမ် ဘာကြီး"
"ဖုန်းထဲက စကားကြောင့် အိပ်နေရာမှငေါက်ကနဲထထိုင်လိုက်ကာ မျက်လုံးများကိုပွတ်နေသည်"
"wand လေ မင်းမှာတဲ့ Harry Potter wand ရပြီလို့"
"ရပြီဆိုတော့မင်းကဘာလဲ မြန်မာနိုင်ငံပြန်ရောက်ပြီလား"
"အေး ရောက်ပြီကွ မနေ့ညကရောက်တာ မင်းအိပ်ရေးပျက်မှာဆိုးလို့ ငါမနက်မှဖုန်းဆက်လိုက်တာ"
"အေး ငါလာပြီ ငါလာပြီ အခုလာပြီသူငယ်ချင်း"
လွန်းတိမ် အပျော်လွန်ပြီးအိပ်ရာမှ အမြန်ထကာ မျက်နှာသစ်နေသည်။
"လွန်းတိမ် ဘာတွေအရေးကြီးနေလို့ အဲ့လောက်တောင် အမြန်လုပ်နေရတာလဲ"
"သား အလုပ်သွားလျှောက်မလို့လေ"
အမေ့ကိုအမှန်တိုင်းပြောလိုက်ရင်မနက်စောစောစီးစီးပွစိ ပွစိလုပ်နေဦးမှာအမှန်ပင်။
"အမယ် တယ်ဟုတ်နေပါလား အဲ့တာဆိုမြန်မြန်လုပ်"
လွန်းတိမ် ရေအမြန်ချိူး ၊မနက်စာစားကာ Hoodieအဖြူရောင်နှင့် ဂျင်းအမဲရောင်ဘောင်းဘီလေးဝတ်၍ YBS ကားဂိတ်သို့ထွက်လာခဲ့သည်။
ကိုယ်အလိုချင်ဆုံးပစ္စည်းရတော့မယ်ဟူသော အတွေးက လွန်းတိမ်ကို လမ်းလျှောက်ရင်းတောင်ပြုံးအောင်လုပ်နိုင်သည်။
Harry Potter ဇာတ်လမ်းထဲက Professor Snape ရဲ့ wand ကိုလိုချင်ခဲ့တာအချိန်အတော်ကြာပါပြီ၊ဟိုတလောက England မှာကျောင်းတက်တဲ့သူငယ်ချင်း မွေးနေ့လက်ဆောင်ဘာယူမလဲမေးရာ wand လိုချင်တယ် ပြောလိုက်၍ အခုရတော့မည်Ring~Ring
"Hello"
"ဟေ့ကောင် ဘယ်ရောက်ပြီလဲအခု"
"ငါအခုကားပေါ်မှာဟ ရောက်တော့မယ် ခဏစောင့်"
"အေး ဟုတ်ပြီ.. တီ~"
သူငယ်ချင်းအိမ်ရောက်ဖို့ ၁၅မိနစ်လောက်လမ်းလျှောက်ရသေးသည်
YOU ARE READING
I'm in Love With Fictional Character
Fanfictionငါ့ရဲ့ဖြစ်တည်မှုဟာ စိတ်ကူးယဥ်ဖြစ်နေပါစေ ငါ့ရဲ့ဇာတ်လမ်းဟာ ပုံပြင်သပ်သပ်ဖြစ်နေပါစေ... မင်းအတွက် စစ်မှန်နေရင် ကျေနပ်ပါတယ်...