Cinz ဟာ အိမ်စာများကို သုံးရက်အတွင်း အပြီးဖြစ်အောင် အမြန်လုပ်ရသည်မို့ ခါးတွေကျိုးမတက်။ Quidditch လေ့ကျင့်ဖို့တောင် အချိန်ကမကျန်တော့ပေ။
သုံးရက်မြောက်နေ့ရောက်သောအခါ အတန်းများမစခင် Professor Snape ၏ ရုံးခန်းသို့ သွားထပ်လိုက်သည်။"မင်းအမှီလုပ်နိုင်သားပဲ"
"ကျွန်တော့်ကြောင့် Gryffindor အဆောင်ကို အမှတ်မလျော့စေချင်လို့"
"Huh!"
Severus Snape ဟာ Cinz ကိုမော့ပင်မကြည့်ပေ။သူ၏ လက်ထဲရှိ မှော်ဆေးရည်အိမ်စာများကိုသာ မှင်နီဖြင့် အမှတ်ခြစ်နေသည်။ ဖြောင့်တန်းနေသော မျက်ခုံးဟာ နှာခေါင်းရိုးနားအထိတွန့်ကွေးကာ ပိရိသေသပ်သော နှုတ်ခမ်းပါးမှာ ခပ်တင်းတင်းစေ့ထားသည်။
"ငါ့ကိုရပ်ကြည့်နေပြီး ဘာလုပ်မလို့လဲ"
"ဘာ...ဘာမှမလုပ်ပါဘူး
သွားလိုက်ပါဦးမယ်"Slytherin အဆောင်ဟာ အနည်းငယ်အေးစိမ့်တက်တာကြောင့် Cinz လည်းခပ်မြန်မြန်ပင်ထွက်လာလိုက်သည်။ Severus Snape အနားသာဆက်ရပ်နေလျှင် ကြောက်စိတ်နှင့်ပတ်ဝန်းကျင် ကြောင့် တောင့်ခဲသွားနိုင်ချေရှိသည်။ ထို့အပြင် အမှားထပ်ရှာမလားမပြောနိုင်တာကြောင့် ပထမဆုံးအတန်းချိန်ဖြစ်သည့် အသွင်ကူးပြောင်းခြင်းအတန်းရှိရာသို့ တစ်ယောက်တည်းလျှောက်လာခဲ့သည်။
"မင်းသိပြီးပြီလား...Harry Potter က Salazar Slytherin ရဲ့မျိုးဆက်ဖြစ်နိုင်တယ်"
"ဘယ်လိုကြောင့်လဲ"
"မြွေစကားပြောနိုင်တာသူပဲရှိတာလေ"
"ပြီးတော့ မနေ့ညက ကျောင်းစောင့်ကြီးရဲ့ကြောင် ကျောက်ရုပ်ဖြစ်သွားတဲ့နေရာမှာ သူ့ကိုတွေ့လိုက်တယ်"
ဤစကားများမှာ Cinz တစ်ယောက်အတန်းဆင်းချိန် Hufflepuff နှင့် Ravenclaw ကျောင်းသားများ တီးတိုးပြောနေကြခြင်းကို ကြားခဲ့ခြင်းဖြစ်သည်။ သူတို့စကားကိုနားထောင်နေကြောင်း သရုပ်မပြသော်လည်း Cinz ခေါင်းထဲတွင်တော့ Harry Potter ကိုသာ ကျိန်ဆဲလိုက်ချင်သည်။
"ဒီသောက်ကလေးက ငါ့စကားဆို ဘယ်တော့မှနားမထောင်ဘူး!"
အညိုရောင်မျက်ဝန်းများဟာ စူးရဲနေပြီး Harry Potter ကိုလိုက်ရှာနေသည်။
မိမိမှာ အကြောင်းအရင်းမရှိ Novel ထဲရောက်လာရပြီး ဘယ်လိုပြန်ထွက်ရမှန်းလဲမသိပါ။ ထိုကဲ့သို့ ကံဆိုးမှုကြီးကြားတွင် နေရာတကာပါတက်သည့် ကလေးအုပ်စုကို လိုက်တားနေမိသည်မှာ ဘုရားပေးတဲ့အပြစ်ဒဏ်ဟုသာ မှတ်ယူတော့မည်။
![](https://img.wattpad.com/cover/228960817-288-k317427.jpg)
YOU ARE READING
I'm in Love With Fictional Character
Fanfictionငါ့ရဲ့ဖြစ်တည်မှုဟာ စိတ်ကူးယဥ်ဖြစ်နေပါစေ ငါ့ရဲ့ဇာတ်လမ်းဟာ ပုံပြင်သပ်သပ်ဖြစ်နေပါစေ... မင်းအတွက် စစ်မှန်နေရင် ကျေနပ်ပါတယ်...