Part 12

4.9K 859 17
                                    


Chapter 5.2 ရင့်ကျက်သူ

လိန်းမိသားစု နိမ့်ကျသွားချိန်တွင် လူအများက အထင်မကြီးတော့ကြောင်း ပြောစရာပင်မလိုပါ။ သို့သော် သူတို့က လိန်းမိသားစုကို ပေါ်တင်ကြီးတော့ ရန်သွားမစရဲကြချေ။ ဒါက လိန်းမိသားစုတွင် လိန်းထန်ရှိနေပြီး သူ့ကျင့်ကြံခြင်းအဆင့်က လင်းအော့ရှန်နှင့် အတူတူဖြစ်သောကြောင့်ပင်။ သူ့သား လိန်းလျိုသည်လည်း အလွန်ထူးချွန်ခဲ့ပါသည်။ သို့သော် လိန်းလျိုအမေ ဖျားနာပြီးနောက်ပိုင်း သုံးနှစ်လုံးလုံး တရှောင်ရှောင်ဖြင့်ရှိနေခဲ့သည်။ လိန်းထန်က သူ့အတွင်းအားများကို နေ့စဉ်နေ့တိုင်း သူ့ဇနီးသည်ထံ ရွှေ့ပြောင်းပေးခဲ့သည်။ ထို့ကြောင့် သူ့စွမ်းအင်အဆင့်တွင် အကြီးအကျယ် ထိခိုက်မှုရှိလာခဲ့သည်။ လိန်းလျိုသည်လည်း မိခင် ကျန်းမာရေးအတွက် နေ့စဉ်အပြင်ထွက်ပိုက်ဆံရှာနေရသောကြောင့် စွမ်းအင်ကျင့်ကြံခြင်းကို လျစ်လျူရှုထားရသည်။ သူသည် ချီစုဆောင်းခြင်း ငါးဆင့်မြောက်တွင် ရပ်တန့်နေခဲ့တာ ကြာပြီဖြစ်၏။

လိန်းမိသားစုက အောက်ဆုံးအထိ နိမ့်ကျသွားသောကြောင့် မြေနိမ့်ရာလှံစိုက်ချင်သူ များပြားလှသည်။ လိန်းထန်၏ မြင့်မားသော စွမ်းအင်အဆင့်ကြောင့်သာ မဆင်မခြင်မလုပ်ရဲကြခြင်းဖြစ်သည်။ သို့သော် လိန်းလျိုကတော့ တော်တော်ဒုက္ခရောက်ပါသည်။ သူက လူအများ၏ အနိုင်ကျင့်ခြင်းကို ပြင်းပြင်းထန်ထန် ခံရလေ့ရှိသည်။

ယခင်အချိန်များတုန်းက သူ့အမေ နေမကောင်းဖြစ်နေသောကြောင့် လိန်းလျို ထိုသူများကို ဂရုစိုက်ရှောင်ရှားပါသည်။ သို့သော် အခုတော့ သူ့ကို ဝိုင်းထားသူများက ချီစုဆောင်းခြင်း ခုနှစ်ဆင့်မြောက်၊ ရှစ်ဆင့်မြောက်တွင် ရှိနေကြချိန် သူက ချီစုဆောင်းခြင်း ငါးဆင့်မြောက်သာဖြစ်သည်။ ပြီးတော့ အင်အားကောင်းသော ကိုယ်ရံတော်များပင် ပါလာသည်။

ရလဒ်အနေဖြင့် လိန်းလျို အဝိုင်းခံလိုက်ရပြီး ခေါင်းငုံ့သည်းခံနေရသောအခြေအနေသို့ ဆိုက်ရောက်လာတော့သည်။

ကံကောင်းတာက လင်းရှောင်ရောက်လာခြင်းဖြစ်သည်။ သို့မဟုတ် လင်းဝမ်ဝမ်ကို တားဆီးရန် နောက်ကျသွားခြင်းလည်းဖြစ်နိုင်သည်။

ဆန့်ကျင်ရန် မဝံ့ပါပြီ(I Don't Dare To Oppose A Protagonist Anymore)Where stories live. Discover now