Part 32

3.7K 644 15
                                    


Chapter 21:

အတန်းထဲသို့ ရောက်ပြီး ထိုင်ပြီးသည့်နောက်မှာတောင် ၎င်းနာမည်နှစ်ခုကို ဝတ္ထုထဲ သူ ဖတ်ခဲ့ဖူးတာလား သူ့အရင်ဘဝတုန်းက ကြားခဲ့ဖူးတာလား လင်းရှောင် မမှတ်မိတော့ပါ။ ခဏကြာသည်အထိ သူ ဘာမှစဉ်းစားမရသဖြင့် လက်လျော့လိုက်သည်။ အခုချိန်တွင် ဘာစိုးရိမ်မှုမှမရှိဘဲ သူ ထိုင်နေနိုင်ပြီဖြစ်သည်။

ဒီနေ့ သင်သည့် သင်ခန်းစာသည် ဝိဉာဉ်ဆေးမြက်ပင်များအား မှတ်မိအောင် ဘယ်လိုလုပ်ရမလဲဆိုသည့် သင်ခန်းစာဖြစ်သည်။ အတန်းထဲသို့ လာသည့် ဆရာမသည် သက်လတ်ပိုင်းအရွယ်ရောက် မိန်းမတစ်ယောက်ဖြစ်သည်။ ကျောင်းသားအားလုံးက သူမကို သူတို့အမေအဖြစ် မြင်ယောင်နိုင်ကြလောက်သည်။ သူတို့အားလုံး သက်ပြင်းချလိုက်ကြပြီး အဘယ်ကြောင့် ဆရာမချောချောလေးတစ်ယောက်ယောက်မဖြစ်တာလဲဆိုပြီး စိတ်ထဲ သူတို့ကိုယ်သူတို့ မေးမိကြ၏။

လင်းရှောင်ကတော့ သက်ပြင်းမချလိုက်ပါ...ဒါပေါ့။ သူလည်း မိန်းမလှလေးတစ်ယောက် လာရန် မျှော်လင့်ခဲ့ပါသည်။ မည်သို့ဆိုဆို မျက်စိထဲ ပိုပြီး ကြည့်ရှုနှစ်လိုဖွယ်ကောင်းသော မိန်းမလှလေးများကို ဘယ်လိုယောကျာ်းမျိုးက မတွေ့ချင်ဘဲ နေမည်နည်း။

အတန်း၏ အပြင်အဆင်သည် သူ့အရင်ကမ္ဘာ၏ ကျောင်း ပုံစံပင်ဖြစ်သည်။ ကျောင်းခန်းပုံစံပင် တူညီ၏။ ဘယ်ကမ္ဘာပဲရောက်ရောက် ကျောင်း၏ ပျင်းရိဖွယ်အငွေ့အသက်ကတော့ ဘယ်တော့မှ ပြောင်းမည်မထင်ပါ။

လင်းရှောင်၊ ကျီချွမ်း နှင့် ကျီရွှမ်းတို့သည် တစ်တန်းတည်း၌ ထိုင်ကြသည်။ ခေါင်းကို တဖက်သို့ လှည့်ပြီး ကျီချွမ်းအား ကြည့်လိုက်သည့်အခါ ကျီချွမ်းသည် ဆရာမ၏ စားပွဲကို အေးဆေးတည်ကြည်သော အမူအရာဖြင့် ကြည့်နေကြောင်း သူ တွေ့လိုက်သည်။ ကျီချွမ်းဘေး ထိုင်နေသည့် ကျီရွှမ်းကမူ အလွန်ပျင်းနေသည့်ဟန်ပေါ်သည်။ လင်းရှောင်၏ စိုက်ကြည့်မှုကို ခံစားမိသဖြင့် သူမက ရုတ်ခနဲ ခေါင်းလှည့်လာပြီး သူ့ကို စူးစူးစိုက်စိုက် ကြည့်လာသည်။

လင်းရှောင် သူမကို လျစ်လျူရှုဖို့သာ တတ်နိုင်တော့သည်။ ဤကောင်မလေး၏ စိတ်သည် အလွန်ကြီးသည်ဆိုတာထက် ပိုဆိုးနေသည်။

ဆန့်ကျင်ရန် မဝံ့ပါပြီ(I Don't Dare To Oppose A Protagonist Anymore)Where stories live. Discover now