Part 13

4.6K 867 10
                                    


Chapter 5.3: ရင့်ကျက်သူ

ထိုလူစုက ချက်ခြင်းပင် စည်းဝိုင်းကို ကျဉ်းလာကြသည်။

ပြဿနာကို ရှောင်လွှဲလို့ရတော့မည်မထင်ပါ။

လင်းရှောင် သက်ပြင်းချလိုက်သည်။ လူအုပ်ထဲ တိုးဝင်သွားပြီးနောက် လင်းဝမ်ဝမ်ကို စက်ဝိုင်းထဲမှ တွန်းထုတ်လိုက်သည်။ သူကိုယ်တိုင်ကမူ လိန်းလျိုရှေ့တွင် ကာကွယ်ကာ ရပ်လိုက်သည်။

မဟုတ်ပါ။ သူ လိန်းလျိုကို တကယ်ကို မကူညီချင်ပါ။

သို့သော် လင်းဝမ်ဝမ်သည် အားနွဲ့သောမိန်းကလေးငယ်လေးဖြစ်သည်။ သူမကို ဤရိုင်းစိုင်းသော လူအုပ်နှင့် ရင်ဆိုင်ခွင့်ပြုလိုက်လျှင် သူက ဘာဖြစ်သွားမည်နည်း။ အားနွဲ့သော ယောက်ျားလော...။

ဒီအဖွဲ့ခေါင်းဆောင်က ချီးထုပ်ဖြစ်နေသည့်တိုင် လင်းဝမ်ဝမ်ကို ကြိုက်နေသောကြောင့် သူမကိုတော့ ထိခိုက်အောင်လုပ်မည်မဟုတ်ချေ။

ဒါက လင်းရှောင်လား....

လိန်းလျို အူကြောင်ကြောင်ဖြစ်သွားသည်။ သူ့ရှေ့မှ မျက်မှန်းတန်းမိနေပြီးသား ဝဖိုင့်ဖိုင့်ကိုယ်လုံးနှင့်ကောင်လေးကိုကြည့်ကာ စိတ်ရှုပ်ထွေးသွားသည်။ နန်းမြို့တော်မှ လင်းမိသားစု သခင်လေးကို နော်ဟန်မြို့ကဲ့သို့ ကျေးလက်တွင် တွေ့ရလိမ့်မည်ဟု သူမတွေးမိခဲ့ပါ။ ထို့ပြင်တ၀ ထိုကောင်လေးက ယခု သူ့ကို ထပ်မံကူညီနေပြန်သည်။

ဒါမှမဟုတ် အကြံအစည်တစ်ခုခုများ ရှိနေလို့လား...

လိန်းလျိုသည် လွန်ခဲ့သော သုံးနှစ်က ဘဝကူးခဲ့ခြင်းဖြစ်ပြီး အရင်ဘဝကလည်း သူသည် အတွေ့အကြုံများသူတစ်ဦးဖြစ်၏။ ဘာအကြောင်းပြချက်မှမရှိပဲ လင်းရှောင် သူ့ကို ဒုတိယအကြိမ် ကူညီလာခြင်းက သူ့ကို သံသယဖြစ်စေသည်။ မည်သို့ပင်ဖြစ်စေ နိုင်သူစားစတမ်း တောရိုင်းဥပဒေသာကြီးစိုးသော ဤလောကတွင် မည်သူကမှ အကြောင်းမဲ့ အနစ်နာမခံတတ်ကြဘူးမဟုတ်လား။

လင်းရှောင်သည် လိန်းလျိုကို ဂရုကိုမစိုက်ပါ။ သူက ဟွမ်အဆင့်တွင်ဖြစ်ပြီး ဒီလူစုစုပေါင်း ဆယ်ယောက်ခန့်သည် သူ့ကို ဘယ်နည်းနဲ့မျှ အနိုင်ယူနိုင်စရာအကြောင်းမရှိပါ။ အဆင့်ကျော်တိုက်ခိုက်တတ်သော စောက်ကျိုးနည်းဇာတ်လိုက်များမှလွဲပြီး ကောင်းကင်နှင့်မြေကြီး၏ ဆန္ဒကို ဘယ်သကောင့်သားက လွန်ဆန်နိုင်ပါမည်နည်း။

ဆန့်ကျင်ရန် မဝံ့ပါပြီ(I Don't Dare To Oppose A Protagonist Anymore)Where stories live. Discover now