Part 51

2.7K 472 8
                                    


၄၁

"အဟွတ် ဟွတ်....."

လင်းရှောင် လည်ချောင်းက အက်ပြာနေသည်။ သူငါ့ကိုဘာလုပ်မလို့လဲ။

သူ့မျက်လုံးများက လိန်းလျိုကို စူးစူးရှရှ စိုက်ကြည့်နေသည်၊ လိန်းလျို သူ့ကို ရုတ်တရက်ကြီး သတ်ပစ်လိုက်မှာ စိုးရိမ်နေ၏။

လိန်းလျို လင်းရှောင်ကို တစ်ချက်လှမ်းကြည့်ပြီး ရုတ်တရက် ပြုံးလိုက်သည်။ ထိုအပြုံးက လင်းရှောင်၏ သွေးကို အေးခဲသွားစေသည်။

လိန်းလျို ဘာစကားတစ်ခွန်းမှ မပြောဘဲ သူ့ကို တစ်နေရာရာသို့ သယ်သွားလိုက်သည်။ ထို့နောက် သူ့ကို ချပြီး...လင်းရှောင် အဝတ်များကို စချွတ်ပေးလိုက်သည်။ လင်းရှောင်သည် မလှုပ်နိုင်သဖြင့် လိန်းလျို သူ့ကို အဝတ်တစ်လွှာချင်း ချွတ်ပေးပြီး သူ့အဝတ်များ ဘေးသို့ လွှင့်ပစ်သည်ကိုသာ ကြည့်နေလိုက်တော့သည်။

သန့်ရှင်းသော အဝတ်အစားအချို့ကို လင်းရှောင် မျက်လုံးထောင့်မှ တွေ့လိုက်သည်။ ဤကာလအတွင်း၌ လိန်းလျိုကသာ သူ့ကို အဝတ်အစားကူလဲပေးခြင်းဖြစ်ကြောင်း သူ ချက်ချင်းနားလည်လိုက်သည်။ သူ အနည်းငယ်ရှက်သွားပြီး သူ့ပါးစပ်မှ မပီမသ စကားသံများသာ ထွက်လာနိုင်သည်။ လိန်းလျိုအား အဘယ်ကြောင့် သူ့အဝတ်အစားတွေကို ချွတ်ပေးတာလဲဆိုပြီး သူ မေးချင်နေသည်။

အခုချိန်၌ လင်းရှောင်က ကိုယ်လုံးတီးဖြစ်နေသည်။ လိန်းလျို လင်းရှောင်ကို ထပ်ဖက်လိုက်ပြီး လင်းရှောင်၏ မလိုလားသော မျက်နှာအမူအရာကို ကြည့်၍ ပြောလိုက်သည်။ "မင်း သတိလစ်မေ့မျောနေတာ သုံးလတောင် ရှိပြီ။ မင်းရဲ့အဝတ်အစားတွေကို လဲပေးပြီး မင်းကို တစ်ကြိမ်ပဲ ရေပတ်တိုက်သန့်စင်ပေးတာ၊ မင်း ရေတစ်ခါမှ မချိုးရသေးဘူး"

သူ သုံးလတောင် ရေမချိုးခဲ့ဘူးပေါ့...ဒါဆို ဒီခန္ဓာကိုယ်က နံစော်နေမှာပဲ....

သူ ရှက်နေသော်လည်း လိန်းလျိုသည် ဟိုးအရင်ကတည်းက သူ့ခန္ဓာကိုယ်ကို မြင်ခဲ့ဖူးပြီးသားဖြစ်သည်။ ထို့အပြင် သူတို့နှစ်ယောက်လုံး ယောကျာ်းစစ်စစ်များ ဖြစ်ကြသည်..အင်း နှစ်ယောက်လုံး ယောကျာ်းစစ်စစ်တွေပဲ။ လင်းရှောင်သည် လျို့ဝှက်နယ်မြေ၌ အဖွင့်ခံရနီးပါးဖြစ်ခဲ့သည့်အဖြစ်ကို လျစ်လျူရှုလိုက်ပြီး သူ့ကိုယ်သူ ထိုကဲ့သို့ နှစ်သိမ့်လိုက်သည်။

ဆန့်ကျင်ရန် မဝံ့ပါပြီ(I Don't Dare To Oppose A Protagonist Anymore)Место, где живут истории. Откройте их для себя