( Zawgyi )
[ နာကျင်စရာတွေ မရှိတော့တဲ့အခါ ငါတို့ နောက်တစ်ခါ ထပ်ပြီး ပျော်ရွှင်နိုင်ပါ့မလား။ ]
ဆောင်းရာသီဝင်လာတာနဲ့အမျှ ဆိုးလ်ရဲ့ ပတ်ဝန်းကျင်က ချမ်းစိမ့်မှုအပြည့် .. ။
စားပွဲပေါ်က အငွေ့တထောင်းထောင်းနဲ့ ကော်ဖီခွက်ကိုပဲ စိုက်ကြည့်နေရင်း နှလုံးသားက နာကျင်နေရတယ်။
လေးနှစ် .. ။
လေးနှစ် ကြာခဲ့ပြီဖြစ်ပေမယ့် သူ့နှလုံးသားထဲ နေရာယူထားနိုင်နေသေးတဲ့ ထိုလူ။သူ့ကို နာကျင်စရာတွေ ပေးခဲ့တဲ့ အဲ့ဒီလူ။
ဒါပေမယ့် သူ့ကို နာကျင်စရာတွေပေးခဲ့တဲ့သူကိုမှ သူ့နှလုံးသားက လိုလိုချင်ချင်ဖြစ်နေပြန်တယ်။______________ [ B.A.C.K • MH ] _____________
ဒီဇင်ဘာ တစ်ရက်နေ့ ။
အခုဆို ဆိုးလ်က လမ်းတွေပေါ်မှာ နှင်းမှုန်တွေက တဖွေးဖွေး။
လမ်းမပေါ်ကျနေတဲ့ နှင်းတွေကို ကြည့်မိပြီး ဟယ်ချန်း ခပ်ဖွဖွ ပြုံးလိုက်မိတယ်။လမ်းမဘေးက Cafe ဆိုင်လေးထဲ ၀င်လိုက်တဲ့အခါ EXO ရဲ့ First Snow ကိုဖွင့်ထားတာကို ကြားလိုက်ရတယ်။
သဘောကျစွာ လိုက်ဆိုမိရင်းကနေ အမှတ်တရတွေဆီ ပြန်တွေးမိပြန်တော့ ပြုံးနေတဲ့နှုတ်ခမ်းတွေက ရုတ်တရက်ရပ်တန့်သွားရတယ်။ တောက်ပနေတဲ့ မျက်ဝန်းတွေအစား
အဓိပ္ပါယ်မဲ့နေတဲ့ မျက်ဝန်းတွေက နေရာယူလာတယ်။ ထိုအတူ အမှတ်သည်းခြေမရှိတဲ့ နှလုံးသားကလည်း ထပ်ပြီး မြည်ဟည်းလာရပြန်တယ်။အတူတူ ~
အမှတ်တရတွေထဲမှာ ဂစ်တာတီးနေတဲ့ကောင်လေးရယ် အသံချိုချိုနဲ့သီချင်းတွေကိုဆိုနေတဲ့ ကောင်လေးရယ် ရှိနေခဲ့တယ်။___________
ဆိုးလ် က နေရာတိုင်းမှာ သူတို့ပုံရိပ်တွေထင်ဟပ်နေတယ်။
လေးနှစ်နီးပါး ကြာမြင့်သွားပေမယ့် သူ့စိတ်ထဲ မနေ့တစ်နေ့ကလို ဖြစ်နေတဲ့ ပုံရိပ်တွေ။' ကျွန်တော်တို့ .. အရမ်းချစ်ခဲ့ကြတာများလား ~ '
ဒါဆို ဘာလို့များ ဝေးကွာခဲ့ကြရတာတဲ့လဲ။
ကိုကိုက ... ကိုကိုက အစတည်းက ကျွန်တော့်ကို မချစ်ခဲ့လို့လား။
ကိုကို့အတွက် ခွဲခွာခြင်းက အဲ့လောက် လွယ်သလား။
YOU ARE READING
B.A.C.K • MH ( Complete )
Fanfiction- 𝘐𝘧 𝘸𝘦 𝘵𝘢𝘬𝘦 𝘢𝘸𝘢𝘺 𝘵𝘩𝘦 𝘱𝘢𝘪𝘯, 𝘤𝘢𝘯 𝘸𝘦 𝘦𝘷𝘦𝘳 𝘣𝘦 𝘩𝘢𝘱𝘱𝘺 𝘢𝘨𝘢𝘪𝘯?